29 C
Yangon

ရွှေကျင်မြို့၊ စလူချောင်းနှင့် ဒုံစရစ်ရွာကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

ရွှေကျင်မြို့၊ စလူချောင်းနှင့် ဒုံစရစ်ရွာကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဇူလိုင် ၂၁

ပဲခူးတိုင်း၊ ရွှေကျင်မြို့ရှိ စလူချောင်းနှင့် ဒုံစရစ်ရွာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၀ ဦးထက်မနည်း မသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေကျင်မြို့နယ် ဒုံစရစ် ၊ စလူ​ချောင်း ကျေးရွာကို အင်အား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်နှင့် KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၀ ဦး ထက်မနည်းသေဆုံးကာ ၁၁ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် ၃ နာရီကြာ ပြင်းထန်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များဘက်မှ စစ်ကြောင်းတိုးလာသည့် သတင်းကြိုရ၍ အသင့်စောင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“သူတို့ တက်လာတယ်ဆိုတာ သတင်းကြိုရထားတာ။လက်နက်ချခိုင်းပါသေးတယ်။ ပူးပေါင်းခိုင်းတယ်။ အဲဒါကို ပြန်တိုက်တာ လက်နက်မချဘူး။ ပြောသေးတယ် မင်းတို့ကို မနိုင်ရင် ပြည်သူကို သတ်မယ်တဲ့ ခွေးတွေက ပြောတာ”ဟု KNLA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောပြသည်။

တော်လှန်ရေး အင်အားစုများဘက်မှ အသားစီးရ တိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဝေဟင်အသုံးပြုရန် တောင်ငူလေတပ်စခန်းမှ ပစ်ကူ ဂျက်လေယာဥ် ၀င်ရောက်လာသည့်အတွက် အချိန်မီဆုတ်ခွာခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များဘက်မှ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article