29 C
Yangon

ပေါက်နှင့် မြိုင် မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

Must read

ပေါက်နှင့် မြိုင် မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပေါက်မြို့နယ်၊ အုန်းတောကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်၏ အင်အား ၄၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၄ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပေါက်ဗိုလ်တစေအဖွဲ့၊ ပေါက်ကာကွယ်ရေးအဖွဲ့နှင့် မြိုင်ပကဖ တပ်ရင်း ၃ ခွဲ ၁ စု ၂ တို့ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မြိုင်ပကဖနှင့် မဟာမိတ် အဖွဲ့များ ပူးပေါင်းကာ မြိုင်မြို့နယ် ကန်နီပျူစောထီးရွာကို အနီးကပ် သွားရောက် ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကာ စစ်သား ၁ ဦး သေဆုံးပြီး ည ၁၀ နာရီခန့်တွင် အမိန့်ပြန်၍ သေနတ်ဖောက်သံ ၃ ချက် ကြားရကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article