36 C
Yangon

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပေါ် စစ်ကောင်စီက မတရား ချမှတ်ထားသော ပြစ်ဒဏ်တချို့ကို လွတ်ငြိမ်း ခွင့်ပြု၊ ထောင်ဒဏ် တချို့ ဆက်လက် ထားရှိပြီး ပြန်မလွှတ်ပေးသေး

Must read

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပေါ် စစ်ကောင်စီက မတရား ချမှတ်ထားသော ပြစ်ဒဏ်တချို့ကို လွတ်ငြိမ်း ခွင့်ပြု၊ ထောင်ဒဏ် တချို့ ဆက်လက် ထားရှိပြီး ပြန်မလွှတ်ပေးသေး

ရန်ကုန်၊ ဩဂုတ် ၁

အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပေါ် စစ်ကောင်စီက မတရား ချမှတ်ထားသော ပြစ်ဒဏ်တချို့ကို လွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ်တချို့ဆက်လက်ထားရှိကာ ပြန်မလွှတ်ပေးသေးကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားချမှတ်ထားသော ပြစ်ဒဏ် ၅ ခု လွတ်ငြိမ်းသက်သာခွင့်ပြုပြီး သမ္မတဦးဝင်းမြင့်အပေါ် ချမှတ်ထားသော ပြစ်ဒဏ် ၂ ခုကို လွတ်ငြိမ်းခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပြုသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို မတရားချမှတ်ထား‌သော ပြစ်ဒဏ်များ ဆက်လက် ကျန်ရှိနေသဖြင့် လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရှိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article