25 C
Yangon

ကလေးငယ်များ ကြားကာလပညာသင်ယူမှု မရပ်စေရန် နိုင်ငံတကာသင်ရိုးအသုံးပြု အခမဲ့ ပညာသင်ပေးမည့် OASIS Federal Education Centre ဖွင့်လှစ်မည်

Must read

ကလေးငယ်များ ကြားကာလပညာသင်ယူမှု မရပ်စေရန် နိုင်ငံတကာသင်ရိုးအသုံးပြု အခမဲ့ ပညာသင်ပေးမည့် OASIS Federal Education Centre ဖွင့်လှစ်မည်

ရန်ကုန်၊ ဩဂုတ် ၇

မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေသည့် ကလေးငယ်များ ကြားကာလ စဉ်ဆက်မပြတ် အခမဲ့ ပညာသင်ယူခွင့်ရရှိနိုင်ရန် ရည်ရွယ်၍ အခြေခံပညာ အခမဲ့ မူလတန်းကျောင်းကို မကြာခင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း OASIS Federal Education Centre ​၏ တာဝန်ရှိသူထံမှ သိရှိရသည်။

အဆိုပါ သင်တန်းကျောင်းတွင် International Curriculum ကို အသုံးပြု သင်ကြားပေးသွားမည်ဖြစ်ပြီး မြန်မာစာအတွက် UNICEF သင်ရိုး၊ အင်္ဂလိပ်၊ သင်္ချာနှင့် သိပ္ပံကို Cambridge သင်ရိုး၊ Social Studies ကို ထိုင်းသင်ရိုးများနှင့် မှီငြမ်းပြီး အသုံးပြု သင်ကြားပေးသွားမည်ဖြစ်ကြောင်း OASIS Federal Education Centre မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

OASIS Federal Education Centre ကို တော်လှန်ရေးတွင် ရဲရင့် တက်ကြွစွာ ပါဝင်ခဲ့ကြသည့် CDM ဆရာ၊ ဆရာမများ၊ တော်လှန်ရေးတွင် ပါဝင်လုပ်ဆောင်နေကြသူများနှင့် အတူဖွဲ့စည်းထားခြင်းဖြစ်ပြီး သင်တန်းကျောင်းတွင် KG တန်းမှ Grade 4 အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။

“ကြားကာလမှာ ကျောင်းနေအရွယ် ကလေးငယ်တွေ စဉ်ဆက်မပြတ်ပညာသင်ယူခွင့်ရစေချင်တာပါ။ ဒီကျောင်းရဲ့ ဦးတည်အုပ်စုက တော်လှန်ရေးကာလမှ စစ်ဘေးရှောင်နေရတဲ့ ဒေသတွေမှာ အခက်အခဲဖြစ်နေတဲ့ ကျောင်းနေအရွယ်ကလေးငယ်လေးတွေ ၊ အဲဒီဒေသတွေမှာရှိနေတဲ့ အသက် ၅ နှစ်ကနေ KG ကနေ Grade 4 အထိ ကလေးတွေကို တက်ရောက်ခွင့်ပေးချင်တာက ညီမတို့ရဲ့ ဦးတည်အုပ်စုပါ” ဟု OASIS Federal Education Centre မှ တာဝန်ရှိသူက ဆိုသည်။

OASIS Federal Education Centre သည် တစ်ပတ်လျှင် စာသင်ချိန် ၁၁ နာရီသင်ယူရမည်ဖြစ်ပြီး ၅ လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ၊ ဩဂုတ်လမှ ဒီဇင်ဘာလအထိ သင်ကြားရမည်ဖြစ်ပြီး Grade 2 မှ Grade 4 တက်မည့် ကျောင်းသား ၊ ကျောင်းသူများ Entrance Exam ဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။

“စနေ တနင်္ဂနွေမှာ ဘာသာစကားသင်တန်းအနေနဲ့ English နဲ့ Japanese သင်တန်းတွေလည်း ကလေးတွေအတွက် ရည်ရွယ်ပြီးဖွင့်လှစ်ပါမယ်။ ကလေးတွေ ကျောင်းလက်ခံမယ့် ပုံစံက KG ဆို အယောက် ၅၀ ၊ Grade 1 အယောက် ၅၀ ၊ Grade 2 အယောက် ၅၀ ၊ Grade 3 အယောက် ၅၀ ၊ Grade 4 အယောက် ၅၀ စုစုပေါင်း ကျောင်းသား ကျောင်းသူ အင်အား ၂၅၀ အထိပဲ လက်ခံသွားမှာ ဖြစ်ပါတယ်။ ကျောင်းဖွင့်မယ့်ရက်က ဩဂုတ် ပထမပတ် ၈ ရက် ၈ လ ၂၀၂၃ အဲဒီ ရက်လေးမှာ ကျောင်းစပြီး ဖွင့်လှစ်သင်ကြားပေးသွားပါမယ်” ဟု OASIS Federal Education Centre မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တက်ရောက်လိုသော ကျောင်းသား/ ကျောင်းသူများ OASIS FEC တွင် ၂၀၂၃ ပညာသင်နှစ်အတွက် စတင် လျှောက်ထားနိုင်ပြီဖြစ်ပြီး သင်တန်းအပ်နှံလိုသူများ https://www.facebook.com/oasisfecmm/posts/111715828657296 တွင် ဝင်ရောက်ကြည့်ရှု၍ တက်ရောက်လိုသည့်အတန်းအလိုက် ဖောင်ဖြည့်သွင်းနိုင်မည်ဖြစ်သည်။

နိုင်ငံတကာသင်ရိုးအသုံးပြု အခမဲ့ ပညာသင်ပေးမည့် OASIS Federal Education Centre
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article