28 C
Yangon

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ပြီး KNU အနေဖြင့် လိုက်နာရန် အကြောင်းမရှိတော့ဟု KNU အထွေထွေ အတွင်းရေး မှူး တရားဝင် ကြေညာ

Must read

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ပြီး KNU အနေဖြင့် လိုက်နာရန် အကြောင်းမရှိတော့ဟု KNU အထွေထွေ အတွင်းရေး မှူး တရားဝင် ကြေညာ

ရန်ကုန်၊ ဩဂုတ် ၁၀

အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းလိုက်သဖြင့် တစ်နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေး NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့် လိုက်နာရန် အကြောင်းမရှိတော့ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက တရားဝင် ကြေညာ ပြောဆိုလိုက်သည်။

ယနေ့ ကျင်းပသည့် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် ၏ ပထမ ရက် ၁၀၀ ကာလ သတင်းစာရှင်းလင်းပွဲတွင် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက သတင်းထောက်များ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေဆိုလိုက်ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးချုပ် NCA အခန်း ၁ ပါ ပြဋ္ဌာန်းချက်များကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်အာဏာသိမ်းလိုက်ခြင်းဖြင့် ချိုးဖောက် လိုက်သဖြင့် NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ သို့ရာတွင် အကြမ်း ဖက် စစ်ကောင်စီသည် နိုင်ငံတကာကို လှည့်စားရန် NCA စာချုပ်ကို ဆက်လက် တည်ရှိနေသယောင် အသုံးပြုနေကြောင်း ၎င်းက ပြောဆို သွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article