28 C
Yangon

ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာကို စစ်တပ်က မီးတင် ရှို့နေ

Must read

ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာကို စစ်တပ်က မီးတင် ရှို့နေ

ရန်ကုန်၊ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ စက္ကန့်ကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့က ပြည်သူတွေ ဖမ်းဆီးခံရတာ မရှိ။ ရှောင်ကြတယ် အကုန်။ ခုနကမှ စဝင်ပြီး ရှို့နေတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

စက္ကန့်ကျေးရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး ဩဂုတ်လ ၁၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ စက္ကန့်ကျေးရွာရှိ ဘုရားကျောင်းကို ထိမှန်၍ ဘုရားကျောင်း ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article