“ပဲခူးမြေပြန့်ဒေသရောက်တဲ့အခါ PDF တွေမှန်းလည်းသိသွားရော ပြည်သူ တွေ က ပျော်ကြတယ်။ နွေးထွေးစွာကြိုဆိုကြတယ်။ ကျနော်တို့ ထမင်းတောင် ချက်စရာမလိုတော့ဘူး။ ပြည်သူတွေပဲချက်ကျွေးကြတယ်။”
စည်သူ (ဒုတပ်ရင်းမှူး၊တော်ဝင်ဒေါင်းစစ်ကြောင်း)
By ရန်ကုန်ခေတ်သစ်
နိုင်ငံအာဏာကို လုယူခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ဖို့ တိုင်းရင်း သားလက်နက်ကိုင်ဒေသတွေမှာ ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော်က နှစ်နှစ်တာကာလအတွင်းမှာပင် တိုက်ရည်ခိုက်ရည်တွေ တိုးတက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အတူ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက် လာနေပါတယ်။
အခုဆိုရင် ပဲခူးတိုင်းလို မြေပြန်ဒေသတွေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းတွေအထိ သိမ်းပိုက်တိုက်ခိုက်လာတာကိုလည်း တွေ့ရပါတယ်။
အဲဒီလိုတိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်နေတဲ့ တော်ဝင် ဒေါင်းစစ်ကြောင်းမှ ဒုတပ်ရင်းမှူး ကိုစည်သူလည်း ပါဝင်ပါတယ်။ကိုစည်သူ ပြောပြထားတဲ့ တိုက်ပွဲ အတွေ့အကြုံ တော်လှန်ရေးခံယူစတဲ့အကြောင်းအရာတွေကို ပြန်လည် တင်ဆက်လိုက်ရပါတယ်။