37 C
Yangon

ကြာအင်းဆိပ်ကြီးရှိ ဗျူဟာဝန်း အတွင်းဆင်းသက်လာသော ရဟတ်ယာဥ် ၂ စီး အပါအဝင် စစ်တပ် တပ်စွဲ သည့် နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ကြာအင်းဆိပ်ကြီးရှိ ဗျူဟာဝန်း အတွင်းဆင်းသက်လာသော ရဟတ်ယာဥ် ၂ စီး အပါအဝင် စစ်တပ် တပ်စွဲ သည့် နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်တပ်ဗျူဟာဝန်း အတွင်းကို ဆင်းသက်လာသည့် စစ်တပ် ရဟတ်ယာဥ် ၂ စီး အပါအဝင် ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Cloud Wings တပ်ဖွဲ့မှ တာဝန်ခံကိုငြိမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

စက်တင်ဘာလ ၁ ရက် မွန်းလွဲ ၁ နာရီခန့်က ကြာအင်းဆိပ်ကြီးမြို့အခြေစိုက်၊ အကြမ်းဖက်စစ်တပ်၏ ဗျူဟာဝန်းအတွင်းသို့ ဆMI-17 နှင့် MI-35 စစ်ရဟတ်ယာဉ် ၂ စီး ဆင်းသက်လာသဖြင့် KNLA၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၁၀၇ မမ၊ ၈၁ မမများအပြင် အဆိုပါဗုံးသီးများကို ဒရုန်း၌ တပ် ဆင်အသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် ၂ စီးမှာ အချိန်ကြာကြရပ်နားနိုင်ခြင်းမရှိဘဲ လှည့်ပြန်ပြေးသွားကြောင်း သိရသည်။

“ရဟတ်ယာဉ်က အပစ်ခံရပြီးကတည်းက မြေပြင်ကို တစ်မိနစ်လောက်ပဲ ဆင်းလိုက်နိုင်တယ်၊ အပစ်ခံရ ပြီး ချက်ချင်းပြန်တက်ပြေးသွားတာ၊ မော်လမြိုင် ရတခ ထဲကို အဲဒီကစပြီး ပြန်မလာတော့၊ ရဟတ်ယာဉ် ကို ပစ်တဲ့အချိန်မှာ အပေါ်ကနေ Mi 35 နဲ့ ပြန်ပစ်တာတွေရှိတယ်၊ ကျန်တဲ့ဗျူဟာကရော၊ ၃၂ ၊ ၂၈၃ ၊ ၂၈၄ တပ်ဝန်းတွေထဲကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ရှိနိုင်မယ်ထင်တဲ့နေရာတွေကို ရမ်းသမ်းပစ် တာတွေလုပ်တယ်၊ ကျနော်တို့ကြားသိရသလောက်တော့ အရပ်ပြည်သူတွေလည်း ထိခိုက်မှုမရှိဘူး၊ ကျနော်တို့ ရဲဘော်တွေ အားလုံးလည်းဘေးကင်းပါတယ်” ဟု Cloud Wings တပ်ဖွဲ့မှ တာဝန်ခံကိုငြိမ်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အလားတူ စက်တင်ဘာလ ၁ ရက် ည ၈ နာရီခန့်တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ကြာအင်း ဆိပ်ကြီးမြို့ ရဲစခန်းကို ၁၀၇ မမ ဗုံးသီးအား ဒရုန်း၌ တပ်ဆင်အသုံးပြုပြီး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် စည်ပင်အဖွဲ့ပိုင် ဇမိခန်းမကို ဩဂုတ် လ ၂၃ ရက် ည ၁၀ နာရီ မိနစ် ၅၀ တွင်တစ်ကြိမ်၊ စက်တင်ဘာလ ၂ ရက် နံနက်အစောပိုင်း ၃ နာရီခန့် တွင် တစ်ကြိမ် ၁၀၇ မမ ဗုံးသီးကို ဒရုန်း၌ တပ်ဆင်အသုံပြုပြီး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ အခြေချတပ်စွဲရာ နေရာများ ထိမှန် ပျက်ဆီးခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ၄င်း တိုက် ခိုက်မှုများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ဦးစီးဦးဆောင်မှုဖြင့် Cloud Wings ဒရုန်းတပ်ဖွဲ့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article