27 C
Yangon

ရွှေဘိုမြို့တွင် တိုက်ပွဲ ၄ ရက်ကြာဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁ သေဆုံး

Must read

ရွှေဘိုမြို့တွင် တိုက်ပွဲ ၄ ရက်ကြာဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁ သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုမြို့ရှောင်လမ်းအနီးတွင် စက်တင်ဘာလ ၄ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ ၄ ရက်အကြာ တိုက်ပွဲများဖြစ် ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁ ဦးသေဆုံးကြောင်း BLACK WOLF – ARMY မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီ မှစတင်ပြီး ရွှေဘိုမြို့ရှောင်လမ်း အနီးတွင် စစ်ကြောင်းထိုးလာသည့် အင်အား ၂၁၀ ဦးပါး စစ်တပ်က စစ် ကြောင်း ၃ ကြောင်း ခွဲ၍ စစ်ကြောင်းထိုးလာကြောင်း၊ စစ်ကြောင်း ၁ ကြောင်း လျှင် အင်အား ၇၀ ခန့် ပါရှိသည့် စစ်ကောင်စီ တပ်သားများနှင့်

BLACK WOLF – ARMY ၊ WHO AM I – ARMY ၊ FOREST FIGHTER တို့ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် စစ်ကောင် စီ၏ ခမရ ၇၀၁ နှင့် ၇၀၈ မှ အင်အား ၇၀ ပါဝင်သော ပူးပေါင်းစစ်ကြောင်း မြို့ရှောင်လမ်းအနီးသို့ ‌ ထပ်မံ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် BLACK WOLF – ARMY နှင့် မဟာမိတ်အဖွဲ့ ဝင်များ ဖြစ်သော Who am i – army ၊ Forest Fighter တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်အချိန် စစ်ကောင်စီ၏ ခမရ ၇၀၁ နှင့် ၇၀၈် မှ အင်အား ၇၀ ဦးသည် လှည့်လည်စစ်ကြောင်းထိုးနေသဖြင့် ထပ်မံကြားဖြတ်တိုက်ခိုက်ရန် မိမိတို့ BLACK WOLF – ARMY နှင့် မဟာမိတ် Who am i – Army ၊ Forest Fighter Army တို့မှ ၁၆ နာရီ ၅၅ မိနစ် တွင် စတင်ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

စက်တင်ဘာလ ၇ ရက်နေ့နှင့် စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတို့တွင် လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်း က စစ်ကြောင်း ထပ်မံထွက်ရှိလာသဖြင့် BLACK WOLF – ARMY နှင့် မဟာမိတ် တပ်ဖွဲ့ ဝင်များဖြစ်သော Who am i – Army ၊ Forest Fighter တို့မှ ၂ ရက်တိုင်တိုင် ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာတွင် စက်တင်ဘာလ ၄ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅ ဦးဒဏ်ရာရရှိသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁ ဦးကျဆုံးကြောင်း၊ စတက်ဘာလ ၇ ရက်နေ့ တိုက်ပွဲတွင် စစ်သား ၁ ဦးမှ ၂ ဦး ဒဏ်ရာရရှိကြောင်း၊ စက်တငဘာလ ၈ ရက်နေ့တိုက်ပွဲတွင်လည်း စစ်သား ၁ ဦးမှ ၂ ဦးအထိ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

၄ ရက်ကြာ ရက်ရှည် တိုက်ပွဲ ဖော်ဆောင်မှုများကြောင့် စစ်ရေးအခြေနေ တင်းမာလျက်ရှိပြီး စားနပ်ရိက္ခာနှင့် လ က် န က် ခဲ ယ မ်း များ အရေးပေါ် လိုအပ်လျက်ရှိနေသဖြင့် လာရောက်ကူညီပံ့ပိုးပေးကြပါရန် ပြည်သူများကို း BLACK WOLF – ARMY မှ တာဝန်ရှိသူက မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article