25 C
Yangon

တန့်ဆည်မြို့ပေါ် တပ်စခန်းများနှင့်ရုံးများကို PDF များက တိုက်ခိုက် သိမ်း ပိုက်ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်နေ၊ မြေပြင်တွင်လည်း ကြည်းတပ်များ အင်အားဖြည့်တင်းနေ

Must read

တန့်ဆည်မြို့ပေါ် တပ်စခန်းများနှင့်ရုံးများကို PDF များက တိုက်ခိုက် သိမ်း ပိုက်ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်နေ၊ မြေပြင်တွင်လည်း ကြည်းတပ်များ အင်အားဖြည့်တင်းနေ

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ဌာနဆိုင်ရာရုံးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်က စစ်ကား၄စီးဖြင့် အင်အားဖြည့်တင်းနေပြီး လေကြောင်း တိုက် ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသပြည်သူများထံမှသိရသည်။

စက်တင်ဘာလ ၂၂ရက်နေ့ မွန်းလွဲ ၁၂နာရီ ၄၈မိနစ်နှင့် မွန်းလွဲ ၁နာရီ ၆ မိနစ် တို့တွင် တန့်ဆည်မြို့ အရှေ့ဘက်ရှိ အက်တောရွာဝန်းကျင်ကို စစ်တပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံးများကျဲချ၍ လေကြောင်းတိုက် ခိုက်မှု ပြု လုပ်ခဲ့ကြောင်း၊ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။

“မြို့ပေါ်တိုက်ပွဲပြီးတဲ့နောက် တိုက်ပွဲနေရာတွေကို စကစတွေ ရှင်းလင်းရေး လုပ်တယ်။ အဲ့ဒီအချိန်မှာပဲ စစ်ကား၄စီးနဲ့ အင်အားဖြည့်တာ။ ‌နေ့လယ်ရောက် တော့‌ လေကြောင်းက ၂ ကြိမ်လာပစ်တာ။ ဗုံး၃လုံးလည်း ကျဲတယ်” ဟု ပြောသည်။

ယနေ့ စက်တင်ဘာလ၂၂ ရက်နေ့ နံနက် ၁၂နာရီ ၃၃မိနစ်မှ ၃နာရီခွဲခန့် အချိန်အထိ တန့်ဆည်မြို့ လဝကရုံး၊ မြို့နယ်ပညာရေးရုံး၊ တရားရုံးနှင့် ရွှေဒေါင်းမင်းဆီဆိုင် တို့ တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂၃ ဦးခန့် သေဆုံးပြီး MA-13 သေနတ် ၃ လက်၊ G-3 သေနတ် ၃လက်၊ ကာဘိုင်သေနတ် ၇လက်နှင့် ခြောက်လုံးပြူးသေနတ် တစ်လက် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article