25 C
Yangon

ဘီးလင်းမြို့နယ်ရှိ KNU တပ်မဟာ ၁ ဌာနချုပ်ရုံးဟောင်းနှင့် ဗျူဟာရုံး တို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ဘီးလင်းမြို့နယ်ရှိ KNU တပ်မဟာ ၁ ဌာနချုပ်ရုံးဟောင်းနှင့် ဗျူဟာရုံး တို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ KNU တပ်မဟာ ၁ ဌာနချုပ်ရုံးဟောင်းနှင့် ဗျူဟာရုံး တို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၁ ဌာနချုပ် ရုံးဟောင်းနှင့် ဗျူဟာရုံးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် နေရာများမှာ လူမနေတော့သည့် နေရာများဖြစ်၍ အဆောက်အအုံများ ပျက်စီးသော်လည်း လူအထိအခိုက် မရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း KNU တပ်မဟာ ၁ ဌာနချုပ်ရုံးကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုတွင်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article