25 C
Yangon

ချင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးနှင့် ချင်းပြည်နယ်ညီလာခံကျင်းပနိုင်ရေး WCCCC ကို ဖွဲ့စည်း

Must read

ချင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးနှင့် ချင်းပြည်နယ်ညီလာခံကျင်းပနိုင်ရေး WCCCC ကို ဖွဲ့စည်း

ရန်ကုန်၊ စက်တင်ဘာ ၂၂

ချင်းပြည်နယ်တွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရေးအတွက် ပြည်နယ် ဖွဲ့စည်းပုံအခြေခံမူကြမ်းရေးဆွဲရေးနှင့် ချင်းပြည်နယ်ညီလာခံ ကျင်းပနိုင်ရေးအတွက် WCCCC ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း Working Committee For Chinland Council Conference –WCCCC မှ ပြောရေးဆိုခွင့်ရှိသူ Dr Ngai Tam Maung က ရန်ကုန်ခေတ်သစ်သ တင်းဌာန ထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲနေကြသော ချင်း အမျိုးသားတပ်ဦး (CNF) ၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၈ ဦးတို့ တွေ့ဆုံကာ ဆွေးနွေးခဲ့ပြီး ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဟာကို လုပ်ကြတာတော့ ကြပါပြီ၊ စာထဲမှာဖော်ပြတဲ့အတိုင်းပဲ အစည်းအဝေးကျင်းပပြီးတော့ အ ကောင် အထည်ဖော်ကြတာပါ၊ အခြေခံဥပဒေဆိုတာလည်း တော်လှန်ရေးကာလပေါ့၊ တော်လှန်ရေး ကာလအတွင်းမှာ သုံးမယ့်အခြေခံဥပဒေပေါ့၊ အဲဒါကို အကောင်အထည်ဖော်ဖို့ စနေတာပဲရှိပါတယ်၊ တစ်ခုကတော့ ဒီအစည်းအဝေးမှာ မပါသေးတဲ့ဟာတွေကိုလည်း ဆက်ပြီးတော့ ညှိနှိုင်းသွားဖို့ရှိတယ်၊ ညှိနှိုင်းမှုကတော့ ကျနော်တို့ဆက်လုပ်သွားမှာပါ၊ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ၂၀၂၀ ရွေး ကောက်ပွဲမှာ အနိုင်ရပြီး စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင် စုရော၊ ပြည်နယ်ရောပေါ့နော်၊ လွှတ်တော်ကိုယ်စားလှယ်တွေပါမယ်၊ နောက်ပြီးတော့ CNF ပေါ့၊ နောက် ပြီးတော့ မြေပြင် အဖွဲ့အစည်းတွေပေါ့၊ တချို့လည်း ကောင်စီအနေနဲ့ အုပ်ချုပ်ရေးလုပ်ကြတာပေါ့၊ တချို့လည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဆိုပြီးတော့ လုပ်ကြတာတွေလည်းရှိတယ်၊ နောက်ပြီးတော့ တော်လှန်ရေးမှာ ဒေသတွေကို အခြေပြုပြီးတော့ အုပ်ချုပ်ရေး၊ ကာကွယ်ရေးတွေ လုပ်ဆောင်ကြတယ်၊ မြေပြင်က Local Government တွေပါမယ်ပေါ့၊ ကာကွယ်ရေးအဖွဲ့အစည်းအသီးသီး CDF တွေလည်း ပါမယ်ဗျ၊ အားလုံးတတ်နိုင်သလောက်စုစည်းပြီးတော့ လုပ်ဆောင်ဖြစ်ပါတယ်” ဟု Working Committee For Chinland Council Conference –WCCCC မှ ပြောရေးဆိုခွင့်ရှိသူ Dr Ngai Tam Maung က ရန်ကုန်ခေတ်သစ်သ တင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ အစည်းအဝေးမှ တော်လှန်ရေးကာလ ချင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (Chinland Constitution) ပေါ်ပေါက်လာရေး၊ ချင်းပြည်နယ်(Chinland Council) ဖွဲ့စည်းရေးနှင့် ချင်းပြည်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားရေးမဏ္ဍိုင် ၃ ရပ်ဖွဲ့စည်းထူထောင်ရေးတို့အတွက် ညီလာခံတစ်ရပ် ခေါ်ယူကျင်းပပြီး ဖော်ဆောင်ရန် သဘောတူခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ညီလာခဲဖြစ်မြောက်ရေး၊ တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်း ရေးဆွဲခြင်းကို ဆောင်ရွက်လျက်ရှိပြီး ညီလာခံကြီး ကျင်းပပြုလုပ်နိုင်ရေးအတွက်လည်း လိုအပ်သည့် ပြင်ဆင်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း Working Committee For Chinland Council Conference – WCCCC မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article