25 C
Yangon

ဒီပဲယင်းမြို့ပေါ်ကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် မြို့အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဒီပဲယင်းမြို့ပေါ်ကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် မြို့အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် မြို့အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်းမြို့ပေါ်ကို ဝင်ရောက်လာသောကြောင့် မြို့အနီးအနားရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း ညောင်လှရွာဘက်မှ ဒီပဲယင်းမြို့အတွင်း စစ်ကြောင်းထိုး ဝင်ရောက်သောကြောင့် လက်ရှိချိန်တွင် ဒီပဲယင်းမြို့အနီးရှိ မှန်သာရွာ၊ ဝဘာရွာ၊ တောကျောင်းရွာ၊ အင်းတန်းရွာ၊ မဲသည်ရွာ၊ ငြိမ်းချမ်းရွာနှင့် ယင်းတွေရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရှိရသည်။

” အခုညနေပိုင်း ဒီပဲယင်း အရှေ့ခြမ်း ညောင်လှရွာဘက်ကနေ ဒီပဲယင်းမြို့ထဲ စစ်ကြောင်းဝင်လာတာကြောင့် ဒီပဲယင်းမြို့ အနောက်ခြမ်းက ကျေးရွာတွေ ထွက်ပြေးနေကြရတယ်။ အခုတိမ်းရှောင်နေရတဲ့ ရွာတွေက စစ်ကြောင်းထွက်လာရင် ပိတ်မိနိုင်တဲ့ရွာတွေမို့ ကြိုရှောင်နေရတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article