25 C
Yangon

ရပ်စောက်မြို့နယ်ရှိ စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ ဒီပဲယင်းမြို့အဝင်ရှိ စစ်သားများကို ရော့ကတ် ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရပ်စောက်မြို့နယ်ရှိ စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ ဒီပဲယင်းမြို့အဝင်ရှိ စစ်သားများကို ရော့ကတ် ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ အလည်ချောင်ကျေးရွာအနီးရှိ ဘုရားကိုးဆူကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဓနု လွတ်မြောက်ရေး တပ်ဦး–DPLF ထံမှ သိရသည်။

စက်တင်ဘာလ ၂၃ ရက် နံနက် ၈ နာရီခွဲခန့်က ရပ်စောက်မြို့နယ်၊ အလည်ချောင်ကျေးရွာအနီးရှိ ဘုရား ကိုး ဆူကုန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်အောက်ခံ တပ်မ ၅၅ နှင့် တပ်မ ၆၆ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုငကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)မှ ရဲဘော်များက ဝင်ရောက်တိုက် ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရပ်စောက် – ကောင်းဘို့ -ပင်းတ ယ လမ်းမကြီးပေါ်တွင် စစ်ဆေးမှုတင်းကြပ်ခဲ့ပြီး ၎င်းလမ်းမကြီးကိုလည်း ညနေ ၆ နာရီမှ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားလာခြင်း မပြုရ ပိတ်ပစ်ခဲ့ကြောင်း၊ ထို့ကြောင့် ဓနုဒေသ အတွင်းနေထိုင်ကြ သော မိဘ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ရှိသည်ဟု သိရှိရသောနေရာများကို ရှောင်ရှားသွား လာကြပါရန် ဓနုလွတ်မြောက်ရေးတပ်ဦး – DNLF မှ အထူးအသိပေးထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကံပြားရွာထိပ်၌ အကြမ်းဖက်စစ်များကို ကားများပေါ်တင်နေစဉ် ရော့ ကတ်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှု ရှိ ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ -YE U PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက် ညနေပိုင်းက ရေဦးမြို့တိုင်းရင်းဆေးရုံမှ ထွက်ခွာစစ်ကြောင်းထိုးပြီး ဒီပဲ ယင်းမြို့ထဲသို့ ဝင်ရောက်ရန် ကံပြားရွာထိပ်အရောက် ဒီပဲယင်းမြို့တွင်းမှ လာရောက်ကြိုဆိုသည့်ကား များပေါ်သို့ အကြမ်းဖက်စစ်သားများ တင်ဆောင်နေစဉ် တာဝေးပစ်ရော့ကတ်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများထိခိုက်သေဆုံးမှုရှိပြီး တိကျစွာသိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“ရေဦး-ဒီပဲယင်းအစပ်မှာ စစ်ကြောင်းထိုးလို့ ပြည်သူတစ်ထောင်ကျော်ထွက်ပြေးနေရတဲ့ စစ်ကြောင်းဗျ၊ ရေဦးမြို့တိုင်းရင်းဆေးရုံအထိုင်စခန်းကနေ ရေဦးမြို့တောင်ဘက်ကနေတဆင့် ဒီပဲယင်းမြို့နယ်အရှေ့ ခြမ်းကို စစ်ကြောင်းထိုးတဲ့ စစ်ကြောင်းက ဒီနေ့ ညနေခင်းမှာ ဒီပဲယင်းမြို့ကို ပြန်ဝင်တာ၊ ဒီပဲယင်းမြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ သူတို့အရင်တုန်းကတော့ ဂိတ်ထိုင်ထားတဲ့ ကန်ပြားရွာဆိုတဲ့ ဒီပဲယင်းမြို့နဲ့ ကပ်နေ တဲ့ နေရာအရောက်မှာ ဒီပဲယင်းမြို့ထဲကနေ ကားတွေနဲ့ လာကြိုတာ၊ စစ်ကြောင်းမှာလည်း ထိခိုက်ဒဏ် ရာရသူသူတွေပါတဲ့အတွက် ကားတွေနဲ့လာကြိုတာ၊ အဲဒါကို အချိန်ကိုက်တာဝေးပစ်လက်နက်ကြီး အ သုံးပြုပြီးတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” ရွှေဘိုခရိုင်တပ်ရင်း ၁၄ -YE U PDF မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၄ – YE U PDF မှ SBB14B Rocket ( တာဝေးပစ်လက်နက် ကြီး)ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ ၆၀ မမ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article