25 C
Yangon

ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စာသင်နေသည့် ကလေးငယ် ၁၈ ဦးဒဏ်ရာရ

Must read

ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စာသင်နေသည့် ကလေးငယ် ၁၈ ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမ ဘုန်းကြီးကျောင်းကို အကြမ်း ဖက်စစ်တပ်က လက်နက်ကြီး ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း၌ စာသင်ကြားနေသူ ကလေး ၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဝန်းသိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၀၂ တပ်မှ ဟောင်ဝစ်ဇာ (Howitzer)လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဂျိုးထောင်ရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမ ကျောင်းတိုက်အတွင်း ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်း၌ စာသင်ကြားနေ သူ ကလေးငယ် ၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူ ကလေးများထဲတွင် ၆ ဦးမှာ အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကလေးငယ်များ ပညာသင်ယူနေသည့် ဘုန်းကြီးကျောင်းကိုပင် ပစ်ခတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေပြီး အရပ်ဖက် စစ်ဘက် ခွဲခြားမှုမရှိပဲ အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article