25 C
Yangon

မြဝတီမြို့နယ် ထွေအုပ်ရုံးကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် Federal Wings ဒရုန်းတပ်ဖွဲ့ကို NUG ကာကွယ်ရေး ဝန်ကြီးဌာနက ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်

Must read

မြဝတီမြို့နယ် ထွေအုပ်ရုံးကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် Federal Wings ဒရုန်းတပ်ဖွဲ့ကို NUG ကာကွယ်ရေး ဝန်ကြီးဌာနက ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်

ရန်ကုန်၊ စက်တင်ဘာ ၂၈

မြဝတီမြို့နယ် ထွေအုပ်ရုံးကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် Federal Wings ဒရုန်းတပ်ဖွဲ့ကို NUG ကာကွယ်ရေး ဝန်ကြီးဌာနက ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင် မြဝတီမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ လုံခြုံရေးအစည်းအဝေး ပြုလုပ်နေစဥ် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဒရုန်းလက်ရုံးတပ် (၁၈၀၁)-Federal Wings အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူး နေလင်းစိုး အပါအဝင် ၅ ဦး ဗုံးထိမှန် သေဆုံးကာ ပြင်းထန်ဒဏ်ရာစိုးရိမ်ရသူ ၅ ဦးနှင့် သာမန်ဒဏ်ရာ မစိုးရိမ်ရ ၆ ဦးထိရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည့် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒရုန်းလက်ရုံးတပ် (၁၈၀၁) _ Federal Wings ကို ဆုငွေအဖြစ် မြန်မာကျပ်ငွေ သိန်း (၁၀၀) ချီးမြှင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး နိုင်ကောင်းရွတ်၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး (၂) ရဲဘော်စောရှားနှင့် ဒရုန်းလက်ရုံးတပ် (၁၈၀၁) _ Federal Wings တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article