29.6 C
Yangon

လိုင်ဇာတွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် AA မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးသေဆုံးပြီး တပ်ဖွဲ့တစ်ချို့ ထိခိုက်ဒဏ်ရာရ

Must read

လိုင်ဇာတွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် AA မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးသေဆုံးပြီး တပ်ဖွဲ့တစ်ချို့ ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၉

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရက္ခိုင့်တပ်တော် AAမှ ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိတစ်ဦး သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင့် AA၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခက ပြောသည်။

စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ကချင်ပြည်၊ လိုင်ဇာရှိ ရက္ခိုင့်တပ်တော် တပ်စခန်းတစ်ခုအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ ရက္ခိုင့်တပ်တော် AAမှ ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ တချို့လည်း ရှိခဲ့ကြောင်း ဦးခိုင်သုခ က ပြောသည်။

“ခါယာတောင်ကြောမှာ အခြေပြုထားတဲ့ မြန်မာ စစ်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ အဲ့ဒီမှာ ကျနော်တို့ ရက္ခိုင့်တပ်တော်ရဲ့ မုန်လိုင်ခမ်း စစ်စခန်းအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တာရှိတယ်။ အဲ့ဒီဖြစ်စဉ်မှာ ဗိုလ်ကြီးတစ်ဦးအပါအဝင် တစ်ဖွဲ့တစ်ချို့ ဒဏ်ရာရတာရှိတယ်။ ဒဏ်ရာပြင်းထန်တဲ့ ဗိုလ်ကြီးတစ်ယောက်ကတော့ ညနေ ၄ နာရီလောက်မှာ အရေးပေါ် ဆေးကုသမှု ခံယူနေရင်းသေဆုံးသွားတယ် “ဟုပြောသည်။

အဆိုပါအနီးတစ်ဝိုက်တွင် တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်တပ်ဖွဲ့တစ်ချို့ ထိခိုက်မှုတစ်ချို့ ရှိသော်လည်း အရေအတွက်ကိုမှု ပြောခွင့်ရ ပုဂ္ဂိုလ်မှ သီခြားအတည်ပြုခြင်းမရှိခဲ့ပေ။

“တိုက်ပွဲဖြစ်တာတော့ မရှိဘူးဗျ။ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘူး။ ကျနော်တို့ဆီကိုတော့ ထိခိုက်ဒဏ်ရာရှိတဲ့ စာရင်းတော့ ရောက်မလာသေးဘူး “ဟု ဦးခိုင်သုခက ဆက်လက်ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် စစ်ရုံးချုပ်အနေဖြင့် မည်ကဲ့သို့ ကိုင်တွယ် လုပ်ဆောင်သွားမည်ဆိုသည်ကိုမှု ညွန်ကြားချက် တစ်စုံတစ်ရာ ရောက်လာခြင်းမရှိသေးကြောင်း ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုသည်။

အလားတူ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့ကလည်း ကရင် အမျိုးသားအစည်းအရုံး KNU နယ်မြေ တပ်မဟာ (၅)၌ ရက္ခိုင့်တပ်တော် AA၏ တပ်စခန်း စစ်ကောင်စီ တိုက်လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့သည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article