32 C
Yangon

မုံရွာ အခြေစိုက် PTTF အဖွဲ့က “မောင်းပြန် တစ်လက်ဝယ်နိုင်ဖို့ PTTF ကိုကူညီစို့” ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

Must read

မုံရွာ အခြေစိုက် PTTF အဖွဲ့က “မောင်းပြန် တစ်လက်ဝယ်နိုင်ဖို့ PTTF ကိုကူညီစို့” ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် PTTF အဖွဲ့က “မောင်းပြန် တစ်လက်ဝယ်နိုင်ဖို့ PTTF ကိုကူညီစို့” ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံကြောင်း Peace Takers Task Force – PTTF အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

Peace Takers Task Force – PTTF အဖွဲ့သည် မုံရွာ – မန္တလေး လမ်းမကြီးနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်တွင် မိုင်းကို အဓိက အားပြုပြီး စစ်အာဏာရှင်ကို တော်လှန်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ အဖွဲ့အစည်း ဖြစ်ပေါ်လာသည်မှာ ၁ နှစ်ခွဲကျော် ကြာမြင့်လာပြီဖြစ်ပြီး မိုင်းနှင့် mission ပေါင်းများစွာကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး၏ လိုအပ်ချက်အရ ကမ်ပိန်း တစ်ခု ပြုလုပ်ရန် လိုအပ်လာသောကြောင့် ” မောင်းပြန်တစ်လက်ဝယ်နိုင်ဖို့ PTTF ကိုကူညီစို့ ” ခေါင်းစဥ်ဖြင့် ကမ်ပိန်း ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကမ်ပိန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လုပ်ဆောင်သွားမည် ဖြစ်ပြီး ပြည်သူများ အနေဖြင့် မဲလက်မှတ်တစ်စောင်လျှင် ၁၀၀၀၀ ကျပ်ဖြင့်ဝယ်ယူအားပေးပြီး ပံ့ပိုးကူညီနိုင်ကြောင်း Peace Takers Task Force – PTTF အဖွဲ့က ထုတ်ပြန်ထားသည်။

မဲလက်မှတ် လာရောက် ဝယ်ယူသူများကို ကံစမ်းမဲ ပြန်လည် မဲဖောက်ပေးသွားဖြစ်ပြီး

ပထမဆု – ၁၂ သိန်း

ဒုတိယဆု – ၈ သိန်း

တတိယဆု – ၅ သိန်း နှင့်

နှစ်သိမ့်ဆု – ၂ သိန်းဆု (၂ဆု) တို့ ပေးအပ် ချီမြှင့်သွားမည်ဖြစ်ကာ မဲလက်မှတ်များကို NUG Pay ၊ Kpay ၊ Wave Pay များဖြင့် လာရောက် ဝယ်ယူ နိုင်းကြောင်း သိရသည်။

ကမ်းပိန်းတွင် ပါဝင် လှူဒါန်းလိုသော ပြည်သူများ အနေဖြင့် Peace Takers Task Force – PTTF အဖွဲ့၏ Facebook page ကို ဆက်သွယ် မေးမြန် နိုင်ကြောင်း https://www.facebook.com/profile.php?id=100095271321778… သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article