29 C
Yangon

ရွှေဘိုခရိုင် အခြေပြု DUGF အဖွဲ့က “တီးသံကချို ငါးမည်ရပြည်ရွှေဘို” ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် မေတ္တာရပ်ခံ

Must read

ရွှေဘိုခရိုင် အခြေပြု DUGF အဖွဲ့က “တီးသံကချို ငါးမည်ရပြည်ရွှေဘို” ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် အခြေပြု DUGF အဖွဲ့က “တီးသံကချို ငါးမည်ရပြည်ရွှေဘို” ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် မေတ္တာရပ်ခံကြောင်း Dragon Urban Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ကာ ရွှေဘိုခရိုင် အခြေပြု လှုပ်ရှားလျက်ရှိသော Dragon Urban Guerrilla Force အဖွဲ့က လိုအပ်နေသည့် ဒရုန်းများ ထပ်မံဖြည့်တင်း ဝယ်ယူရန်အတွက် “တီးသံကချို ငါးမည်ရပြည်ရွှေဘို” ကမ်ပိန်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

DUGF အဖွဲ့သည် မီဒီယာများ၏ မှတ်ကျောက် တင်ထားခြင်းခံထားရသည့် မစ်ရှင်ပေါင်းများစွာနှင့် အသက်ပေးသွားရသည့် သူရဲကောင်းများလည်းရှိပြီး ဆက်လက် တော်လှန်နေဆဲ အဖွဲ့တစ်ခု ဖြစ်ကြောင်း၊ ရွှေဘိုတွင် ဝေဟင်စစ်ဆင်ရေးနှင့် ဆက်လက် တိုက်ခိုက် နိုင်ရန် ကမ်ပိန်းတွက် ပူးပေါင်း ပါဝင်ကြရန် မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။

ကမ်ပိန်းတွင် မဲလက်မှတ် ဝယ်ယူသူများကို

▪️တော်လှန်ပြည်သူတဦးမှ ပါဝင်ပေးထားတဲ့ သိန်း(90)တန် “စိန် လက်ကောက်”

▪️ “The Way” ရုပ်ရှင်မှ အမှတ်တရလွယ်အိတ် (Yellow)

▪️ Remax W3 Wireless Earphone

▪️ 3ce Hazy Lip Clay နှုတ်ခမ်းနီ

တို့ကို ပြန်လည် မဲဖောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မဲ လက်မှတ် တစ်စောင်လျှင် ပြည်တွင်းနေ ပြည်သူတွေအတွက် ၃၀၀၀၀ ကျပ်မှ စတင်ပြီး ပြည်ပရောက် တော်လှန်ပြည်သူတွေက ထောက်ပို့ပါဝင်ရန် currency အသီးသီး အလိုက် ပုံဖြင့် ဖော်ပြထားကြောင်း၊ SR-21 Myanmar Support နှင့် Clenching Fists အဖွဲ့မှPO အနေနှင့် ပူးပေါင်း ကူညီပေးထားကြောင်း သိရှိရသည်။

CRPH-OFP မှ support လုပ်ပေးထားပြီး နိုင်ငံတကာမှ Fundraiser အဖွဲ့များမှလဲ ပူးပေါင်းပါဝင်ကောက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“တီးသံကချို ငါးမည်ရပြည်ရွှေဘို” ကမ်ပိန်းတွင် ပါဝင်ကောက်ခံပေးကြမယ့် နိုင်ငံတကာမှ Fundraiser အဖွဲ့များ၏ https://m.facebook.com/story.php?story_fbid=294123930025531&id=100082837797780&mibextid=Nif5oz ၏ စာရင်းကို အဆိုပါ Link တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article