25 C
Yangon

မြဝတီရှိ ရွှေအေးမြိုင် ဘုရားကုန်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက် ၊ မင်းတပ်တွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး

Must read

မြဝတီရှိ ရွှေအေးမြိုင် ဘုရားကုန်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက် ၊ မင်းတပ်တွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေအေးမြိုင်ဘုရားကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ပြောက်ကျားဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Cobra Colunm 2 VENOM စစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၁ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်က မြဝတီမြို့နယ်၊ ရွှေအေးမြိုင်ဘုရားကုန်း ၌တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ ခြေကုပ်စခန်းကို ပြောက်ကျားစစ်ဆင်ရေး ၄ အဖြစ်ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ ခြေကုပ်စခန်းခြံစည်းရိုးနားအထိ ချဉ်းကပ် တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“လက်နက်ငယ်နဲ့ပဲ ဝင်ပစ်ခဲ့တာပါ၊ နာရီလောက်အထိတော့ ကြာခဲ့တယ်၊ ကိုယ့်ဘက်က ဦးအောင်ပစ်ပြီး ပြန်ဆုတ်ခဲ့လိုက်တာပါ၊ ပြောက်ကျားနည်းနဲ့ပဲတိုက်ခဲ့တာ၊ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေတုန်းပါပဲ၊ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်းခဲ့ပါတယ်” ဟု Cobra Colunm 2 VENOM စစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါပြောက်ကျားစစ်ဆင်ရေးကို KNLA ပူးပေါင်းအဖွဲ့၊ KTLA ပူးပေါင်းအဖွဲ့နှင့် Cobra Column 2 VENOM စစ်ကြောင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များအားလုံး အထိအ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အနားမပေးပဲ ပြောက်ကျားနည်းဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Cobra Column 2 VENOM စစ်ကြောင်း မှ အသိပေးထားသည်။

ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း၌ စက်တင်ဘာလ အတွင်းတိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရှိခဲ့ကြောင်း CDF – Mindat ထံမှ သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် မင်းတပ်မြို့တွင်း ဘဝသစ်အရှေ့ပြင်ရပ်ကွက်၌ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်း ဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် မင်းတပ်မြို့တွင်းရှိ ၅ မိုင်တက္က သိုလ်ဝန်းအတွင်း၌ တိုက်ပွဲဖြစ်ခဲ့ရာ CDF – Mindat တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၄ ရက် နေ့တွင် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်အတွင်း၌ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာလ ၂၆ ရက်နေ့တွင် မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းအတွင်းသို့ CDF – Mindat မှ ၈၁ မမ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် ဗဟိုကင်းအတွင်းသို့ ကျရောက်ခဲ့ ကြောင်း၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် မင်းတပ်မြို့နယ်၊ တိုက်နယ် ၄ ၌ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်း ဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အပြစ်မဲ့ပြည်သူ ၆၀ ဦးကို ဖမ်းဆီးခဲ့ပြီး ၅၀ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၁၀ ဦးကို ပြန်လွှတ်ပေးခြင်းမရှိကြောင်း CDF – Mindat မှ ထုတ်ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article