25 C
Yangon

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လိုသည့် အိမ်ထောင်စု ၃ စုကို ကယ်ထုတ်

Must read

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လိုသည့် အိမ်ထောင်စု ၃ စုကို ကယ်ထုတ်

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း(ပျူ)မှ ထွက်ပြေးတိမ်းရှောင်လိုသည့် အိမ်ထောင်စု ၃ စုကို သွား ရောက်ခေါ်ဆောင် ကယ်ထုတ်နိုင်ခဲ့ကြောင်း ABSDF Column – 3 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၅ ရက်နေ့က အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ပူးပေါင်းတပ်စွဲထားသည့် ဇီးဖြူ ကုန်းကျေးရွအတွင်းနေထိုင်သူ အိမ်ထောင်စု ၃ စု မိသားစုဝင် ၈ ဦးမှ ကျေးရွာအတွင်းနေထိုင်ခြင်း မရှိ တော့ကြောင်း၊ လာရောက်ခေါ်ဆောင်ပေးစေလိုကြောင်း ဆက်သွယ်လာသဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ သွားရောက်ခေါ်ဆောင်ကာ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် ပုလဲမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များထံသို့ အပ်နှံပေးခဲ့ကြောင်း သိရသည်။

“ပုလဲဘက်မှာ ခမရ ၇၀၃ က စက်တင်ဘာလ ၉ ရက်နေ့က စပြီး စစ်ကြောင်း ထိုး လာတယ်၊ စက်တင် ဘာလ ၂၇ ရက်နေ့အထိပေါ့၊ စစ်ကြောင်း ဇီးဖြူ ကုန်းရွာ က ထွက်သွားပြီးတော့ ပြည်သူ ၈ ဦးက ပျူတွေ ထိန်းထားတဲ့ရွာကနေ ထွက်ပြေးချင်တယ်၊ လာခေါ်ပါလို့ သူတို့အမျိုး တပ်ဖွဲ့ဝင်တစ်ယောက်ကို လာ ရောက်ချိတ်ဆက်တယ်၊ အဲဒါကြောင့် သွားခေါ်ခဲ့တာပါ၊ လိုက်ရှာမယ်ဆိုရင် လည်း သူတို့ရွာ ပတ်ဝန်းကျင် လောက်ပဲ ရှာကြမှာပါ၊ လောလောဆယ် သိရတာ တော့ ရွာက လူတွေ ထပ်ပြီးထွက် ပြေးမှာ ကြောက်လို့ ပျူတွေက လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ ကြားပါတယ်” ဟု ABSDF Column – 3 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ အိမ်ထောင်စု ၃ စုတွင် ၅ နှစ်အောက် ကလေးငယ် ၃ ဦးပါဝင်ပြီး ABSDF အမှတ် ၁၄ တပ်ရင်း ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်ခရိုင် PDF တပ်ရင်း ၃ ၊ ယင်းမာပင် ခရိုင် PDF တပ်ရင်း ၁၉ တို့ ပူးပေါင်း ကာ သွားရောက် ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအိမ်ထောင်စု ၃ စုကို ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က စောင့်ရှောက်ထားကြောင်း သိရသည်။

ဇီးဖြူကုန်းကျေးရွာရှိ ပျူစောထီးများသည် ကျေးရွာနေပြည်သူများ ထွက် ပြေးပါက ကာကွယ်ရေးတပ်ဖွဲ့ များက ထောင်ချခြင်း၊ သတ်ပစ်ခြင်းများ ပြုလုပ် သည်ဟု ကျေးရွာအတွင်းနေပြည်သူများကို သတင်းမှား ဝါဒဖြန့်ကာ ခြိမ်း ခြောက် ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article