ဘုတလင်နှင့် ကနီ မြို့နယ်တို့တွင် လူထုဖက်ဒရယ်လှူပ်ရှားမှု အဖြစ် ပြည်သူများကို ဖက်ဒရယ် သင်တန်းပို့ချမှုများ ပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၃
ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ်တို့တွင် လူထုဖက်ဒရယ်လှူပ်ရှားမှု အဖြစ် တော်လှန်လူငယ်များ ဦးဆောင်ကာ ပြည်သူများကို ဖက်ဒရယ် သင်တန်းပို့ချမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Civil Federal Movement (CFM) – လူထုဖက်ဒရယ်လှုပ်ရှားမှု အဖြစ် စက်တင်ဘာလ အတွင်း ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ ပြည်သူ့အခြေပြု ကျောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သက်ဆိုင်ရာ ပအဖ၊ ပကဖ များအပါအဝင် ပြည်သူ ၃၁၀ ဦးကို ဖက်ဒရယ်နှင့် ပက်သက်သော အကြောင်းအရာများအား မျှဝေ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

