36 C
Yangon

ပုလောမှာ တပိုင်တနိုင် ငါးဖမ်းသူများကို စစ်တပ်၏ ရေတပ်က သေနတ်နှင့် လိုက်လံ ပစ်ခတ်နေ

Must read

ပုလောမှာ တပိုင်တနိုင် ငါးဖမ်းသူများကို စစ်တပ်၏ ရေတပ်က သေနတ်နှင့် လိုက်လံ ပစ်ခတ်နေ

ရန်ကုန်၊ အောက်တိုဘာ ၅

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ပင်လယ်ထဲ ငါးဖမ်းထွက်ခွင့်မရသည်မှာ တစ် ၁ ကျော်ပြီဖြစ်ပြီး တပိုင်တနိုင်ငါးဖမ်း ထွက်သူများကို အကြမ်းဖက် စစ်တပ်၏ ရေတပ်သင်္ဘောများက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက လက္ကူးကျေးရွာအုပ်စု၊ ပြင်းဖြူရွာမှ ပင်လယ်တွင် ငါးထွက်ဖမ်းသူများကို အကြမ်းဖက် စစ်တပ်၏ ရေယာဥ်များက လိုက်လံ ပစ်ခတ်သောကြောင့် ကမ်းပေါ်ကို ထွက်ပြေးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ငါးဖမ်းလှေများ ဝင်ပြေးသည့် ပြင်းဖြူရွာဘက်ကို အကြမ်းဖက် စစ်တပ်က သေနတ်ဖြင့် ခြိမ်းခြောက် ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး စစ်သင်္ဘော ၁ စီးသည် ပြင်းဖြူရွာဆိပ်ကမ်း တလျှောက်ကို တစ်မနက်လုံး မနားတမ်းကင်းလှည့်ခဲ့ကြောင်း သိရသည်။

ပင်လယ်ပြင်ကို ငါးဖမ်းထွက်ခွင့်မရတော့သည့် ပုလောမြို့နယ်မှ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများသည် နေအိမ်များကိုစွန့်ခွာပြီး မိသားစုအလိုက် တခြားမြို့နယ်၊ ကျွန်းများတွင် ပြောင်းရွှေ့ နေထိုင် လုပ်ကိုင် နေကြရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်စစ်၏ ယခုကဲ့သို့ ပိတ်ဆို့ ကန့်သတ်မှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူ့များ၏ ရပ်တည်နေသည့် တော်လှန်ရေးကို လူထုထောက်ပံ့မှု မပေးနိုင်အောင်၊ လူထုနှင့် တော်လှန်ရေးအကြား သွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ဒုတိယအပတ်ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီက ပုလောတစ်မြို့နယ်လုံးက ငါးဖမ်းလှေများကို တစ်ပတ်အကြာပင်လယ်ထွက်ခွင့်ပိတ်ကြောင်း၊ ပင်လယ်ပြင်တွင် လမ်းကြုံတွေ့သည့် လှေများကို နှုတ်မိန့်နှင့် ကန့်သတ်ခဲ့သလို သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ကန့်သတ်ပြီး‌နောက် ရက်ပိုင်းအကြာတွင် လက္ကူး‌ကျေးရွာအုပ်စုနှင့် တိုကျေးရွာအုပ်စုများတွင် ရက်ရှည်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရေလမ်း ၊ ကုန်းလမ်းကပါ နှစ်ဖက်ညှပ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားချိန်က စတင်ပြီး လက်ရှိချိန်ထိ ပင်လယ်ပြင်တွင် စစ်သင်္ဘောအနည်းဆုံး ၃ စီး နေ့တိုင်းရှိနေပြီး ငါးဖမ်း လုပ်ငန်း လုပ်ကိုင်နေသူများကိုလည်း လက်ရှိချိန်ထိ ပင်လယ်ထွက်ခွင့် ပိတ်ပင်ထားဆဲဖြစ်ကြောင်း၊ ပုလောမြို့နယ်သည် တနင်္သာရီ ကမ်းရိုးတန်းဒေသမှ မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများ ရေလုပ်ငန်း၊ လယ်နှင့် ဥယျာဥ်ခြံ လုပ်ငန်းများကို အဓိက လုပ်ကိုင်ကြကြောင်း၊ အကြမ်းဖက် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ဒေသအဖြစ်ကြေညာထားသည့် ပုလော မြို့နယ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဥ်နီးပါးဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ် ၏ မဟာမိတ်ဖြစ်သည်)

Photo – ကျောက္ကာရွာအနီးတဝိုက်ပင်လယ်ပြင်တွင် ရှိ‌နေသည့် စစ်သင်္ဘော ၁ စီးအား တွေ့ရစဥ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article