35 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အမှုဆင် အမိန့်ချမှတ်ထားသော အမှု ၆ ခုအတွက် အထူးအယူခံများကို စစ်ကောင်စီတရားရုံးချုပ်က ပယ်ချ

Must read

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အမှုဆင် အမိန့်ချမှတ်ထားသော အမှု ၆ ခုအတွက် အထူးအယူခံများကို စစ်ကောင်စီတရားရုံးချုပ်က ပယ်ချ

ရန်ကုန်၊ အောက်တိုဘာ ၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြမ်းဖက် စစ်ကောင်စီက မတရားအမှုဆင် ပြစ်ဒဏ်ချမှတ်ထား‌သော အမှု ၆ မှုအတွက် အထူးအယူခံမှုများကို စစ်ကောင်စီ၏ တရားရုံးချုပ်က အောက်တိုဘာလ ၆ ရက်နေ့ တွင် ပယ်ချလိုက်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အမှုဆင် ဖမ်းဆီးမိန့်ချထားသော အဂ တိမှု ၆ မှု၏ အထူးအယူခံဝင်မှုကို စစ်ကောင်စီတရားရုံးချုပ်က ပယ်ချလိုက် ခြင်းဖြစ် ကြောင်း၊ မတရားစစ်အာဏာသိမ်းထားသော အကြမ်းဖက် စစ်ကောင် စီ က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားကြောင်း၊ ကနဦးတွင် အကြမ်းဖက်စစ်ကောင်စီက ဒေါ်အောင်ဆန်း စုကြည် ကို ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီး အကြမ်းဖက်မင်းအောင်လှိုင်က ဩဂုတ်လတွင် ထောင်ဒဏ် ၆ နှစ် လျှော့ပေါ့ပေးခဲ့သဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျန်ရစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ရှေ့နေများဖြင့်ပါ တွေ့ဆုံခွင့် ပိတ် ပင် ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအပေါ် စိုးရိမ်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article