Khit Thit သတင်းဌာန၏ အောက်တိုဘာ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၉ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ လူငယ်တွေကို ပျူစောထီးထဲဝင်ရင် ဂျပန်သွားရမယ့် အခွင့်အလမ်းရ မယ်ဆိုပြီး ကြံ့ဖွတ်ပါတီနဲ့ အကြမ်းဖက် စစ်တပ်ကလိုက်လံ စည်းရုံးသိမ်းသွင်းနေတယ်လို့ ဒေသခံ ပြည်သူ တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– မကွေးတိုင်း ၊ ပေါက်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ယာဥ်တန်းနဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုအပြင် ၊ လက်နက်ကြီးတဲ့ ပစ်ခတ်မှုတွေအတွင်း အကြမ်းဖက် စစ်ကော်စီတပ်သား ၁၀ ဦးထက်မနည်း သေသွားတယ်လို့ မြိုင် ပကဖ ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
– ပဲခူးမြို့နယ်မှာ မြစ်ရေကြီးမှု အခြေအနေဟာ ဒီကနေ့ အောက်တို ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီကျော် လာတဲ့ အချိန်အထိ ရေပြန်မကျတဲ့အပြင် ၊ ရေတွေသာ ထပ်မံတိုးလာနေတဲ့အတွက် ၊ ပဲခူးမြို့ရဲ့ နေရာ အများစုမှာ ရေတွေ ဖုံးလွှမ်းနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
