37 C
Yangon

မိုးကုတ်နှင့်နမ့်ခမ်းတွင် TNLA နှင့် စစ်တပ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် စစ်သား သေဆုံးမှုများပြား၊ မိုးကုတ်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မိုးကုတ်နှင့်နမ့်ခမ်းတွင် TNLA နှင့် စစ်တပ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် စစ်သား သေဆုံးမှုများပြား၊ မိုးကုတ်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၂

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် အများအပြားသေဆုံးကာ လက်နက်ခဲယမ်းအချို့သိမ်း ဆည်းရရှိခဲ့ပြီး စစ်တပ်ကတိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၅၀ ခန့်က တအာင်းတပ်မတော် တပ်မဟာ ၁ စစ်ဒေသ နမ့်ခမ်းမြို့နယ်၊ ပန်ဟန်ကြီးကျေးရွာမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၇ ၊ ခမရ – ၄၂၇ စစ်ကြောင်းကို စယ်နေကျေးရွာနှင့် ဖာပြန်ရွာ အကြားအရောက် တအာင်းတပ်မ တော် – PSLF/TNLA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်သား အလောင်း ၁ လောင်း၊ လက်နက် ၁ လက်နှင့် လက်နက်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

အလားတူ ယမန်နေ့ အောက်တိုဘာ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်မှ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အထိ တအာင်းတပ်မတော် တပ်မဟာ ၂ စစ် ဒေသ မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းအနီး အကြမ်းဖက်စစ်ကောင်စီတပ် တပ်မ ၄၄ ၊ ခလရ – ၁၀၂/၁၀၄၊ လပခ/ခလရ -၈၈ တို့နှင့် တအာင်းတပ်မတော်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထို့ပြင် ယမန်နေ့ ညနေ ၅ နာရီ မိနစ် ၂၀ ခန့်မှ ညပိုင်းအထိ အောက်ညောင်ကုန်းရွာမှ အထက်ညောင်ကုန်းရွာသို့ ထိုးစစ် ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်းတပ်မတော်တို့ကြား ထပ်မံတိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ဖြူရောင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အထက်ညောင်ကုန်းကျေးရွာဘက်သို့ လက်နက် ကြီးဖြင့် ၃၆ ကြိမ်၊ ညနေ ၄ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်လေ ယာဉ် ၂ စီးဖြင့် အထက်ညောင်ကုန်းကျေးရွာပေါ်သို့ ဗုံး ၈ လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“မိုးကုတ်မှာ အထက်ညောင်ကုန်းကျေးရွာပေါ်ကို လေယာဉ်နဲ့ ဗုံးကျဲချလို့ အဆောက်အအုံတွေ မီးလောင်တယ်။ နေအိမ် ၁၂ လုံးလောက်ပျက်စီးတယ်။ လေယာဉ်နဲ့ ဗုံးကျဲချတော့ မြေပြင်မှာ ကျင်းကြီးတွေ အများကြီးဖြစ်သွားတယ်” ဟု မိုးကုတ်မြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ မူဆယ်မြို့နယ် နမ့်ဖက်ကာ စစ်တပ်ကလည်း တီမားရွာအနီးနှင့် လွယ်မောက်တောင်သို့ လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အောက်တို ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မ တော်တို့အကြား စုစုပေါင်း တိုက်ပွဲ ၁၅ ကြိမ် ရှိနေပြီဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရှိရသည်။

ဓာတ်ပုံ- မိုးကုတ်၊ အထာက်ညောင်ကုန်းကျေးရွာတွင် လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးသွား‌သော ဆောက်အအုံများနှင့် နေအိမ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article