35 C
Yangon

ချောင်းဦးနှင့် ဆားလင်းကြီးအကြား ချင်းတွင်း မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်တပ်၏ ရေယာဥ်အုပ်စုကို ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်

Must read

ချောင်းဦးနှင့် ဆားလင်းကြီးအကြား ချင်းတွင်း မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်တပ်၏ ရေယာဥ်အုပ်စုကို ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အကြား ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် အကြမ်းဖက် စစ်တပ်၏ ရေယာဥ်အုပ်စုကို ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ရေယာဥ် အုပ်စုသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာပြီး မော်တော် ၁ စီးသည် ချောင်းဦးမြို့နယ် ကံကြီးကုန်ပျူစောထီးရွာတွင် ဆိုက်ကပ်ပြီး စစ်ကောင်စီ တပ်သားများကို တင်ဆောင်ကာ ပြန်လည် ထွက်ခွာလာစဥ် ချောင်းဦးမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အကြားတွင် တော်လှန်ရေး ရဲဘော်များက ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ကလည်း မော်တော် များပေါ်မှ ၆၀ မမ များ၊ စက်သေနတ် များဖြင့် တရစပ် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ထိခိုက်မှု မရှိကြောင်း၊ ၅ မိနစ်ခန့် အကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်တပ်က မြစ်ကြောင်း တစ်လျှောက်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ၊ ငမိုးရိပ်စစ်ကြောင်း (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း) ၊ ရန်ရှင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Chaung U Local Defense Force (CLDF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ရေယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article