30 C
Yangon

ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

Must read

ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေ ဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း ထိုးဝင်ရောက်လာသော အကြမ်းဖက်ဖက်စစ်ကောင်စီတပ်သားများကို MBT တပ်ဖွဲ့နှင့် ညီနောင်မဟာ မိတ်အင်အားစုအဖွဲ့မှ စစ်ကြောင်း ၃ ကြောင်းခွဲဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းအတွင်းသို့ ကျွံဝင်သွားမိပြီး အပိတ်ခံရစဉ် ရေလယ်ကျွန်းနှင့် မြောင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့များမှ Drone များ၊ လက်လုပ် ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ရင်ဆိုင်ရတဲ့ စစ်ကြောင်းအင်အားက ၁၀၀ ကျော်ကျော် ၁၀၀ ဝန်းကျင်လောက်ရှိတယ်၊ ရေစကြိုမြို့က စစ်ခွေးတွေပါတယ်၊ နောက်ပြီးတော့ အရင်တုန်းက ဘီးလူးစစ်ကြောင်းကနေ ချန်ထားခဲ့ တဲ့ စစ်ခွေး နည်းနည်းပါမယ်ပေါ့၊ အဲလိုပေါင်းထိုးတာ၊ မနေ့က တိုက်ပွဲ ၄ နာရီလောက် ပြင်းပြင်းထန် ထန်ဖြစ်ခဲ့တာ၊ တိုက်ပွဲဖြစ်ပြီးတော့ လူနာတွေရော၊ အလောင်းတွေရော သယ်ပြီးတော့ ရေစကြိုမြို့ပေါ် ကို ပြန်ဆုတ်သွားတယ်၊ မနေ့က ညတွင်းချင်းပဲ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ ပစ်ကူပေးတိုက်ခိုက်ခဲ့မှုကြောင့် ပိတ်မိနေသော MBT မဟာမိတ်အင်အားစု၏ စစ်ကြောင်း ၃ မှာ ညနေ ၆ နာရီ ခန့်တွင် အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အရေးကြုံလျှင် သွေးစည်းညီညွတ်ပေးခဲ့ကြသော မဟာမိတ်ပူးပေါင်းအဖွဲ့များကို MBT တပ်ဖွဲ့မှ လေးစားဂုဏ်ယူစွာ အသိအမှတ်ပြု ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger ၊ Popa Production & Guerilla Force (PPGF)၊ TLK ပြောက်ကြားတပ်၊ NY- PDF၊ ဗလ်ခြောက်ဆယ်၊ Bright Stars Group ၊ Royal Eagle People Defence Force၊ ဗလ်ခြောက်ဆယ် ပြောက်ကြားတပ်၊ နဂါးညီနောင်တပ်ဖွဲ့၊ Bright Stars Group ၊ Royal Eagle People Defence Force၊ နဂါးညီနောင်တပ်ဖွဲ့နှင့် အခြားသော ညီနောင်မဟာမိတ်အင်အားစုများပူး ပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article