30 C
Yangon

ကရင်နီတွင် အောက်တိုဘာလတိုက်ပွဲများအတွင်း စစ်သား ၄၀ ခန့်သေဆုံး၊ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ KNDF တပ်ရင်းအမှတ် ၆၀၆ က ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေ

Must read

ကရင်နီတွင် အောက်တိုဘာလတိုက်ပွဲများအတွင်း စစ်သား ၄၀ ခန့်သေဆုံး၊ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ KNDF တပ်ရင်းအမှတ် ၆၀၆ က ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေ

ရန်ကုန်၊ နိုဝင်ဘာ ၄

ကရင်နီပြည်နယ်တွင် အောက်တိုဘာလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးခဲ့ပြီး မြောက်ပိုင်းညီနောင်မဟာ မိတ် ၃ ဖွဲ့နှင့်အတူ ကရင်နီ KNDF တပ်ရင်းအမှတ် ၆၀၆ က ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင် တိုက်ခိုက် တိုက်ပွဲ ဝင်နေကြောင်း KNDF ဗဟိုက ပြောဆိုသည်။

ကရင်နီပြည်နယ်၊ ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် စစ်ကောင်စီ၏ ထောက် ပို့ယာဉ်တန်းများ ဖြတ် သန်း ပို့ဆောင်နေသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ကရင်နီရှိ အခြားမြို့နယ်နေရာများတွင်မူ ထိတွေ့ တိုက်ပွဲ အနည်းငယ်သာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၁၄ တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်းဝန်းထဲတွင် စုရပ်ထားသော ထောက်ပို့ယာဉ်တန်းများက ဘောလခဲမြို့သို့ ဖြတ်သန်းဝင်ရောက်နိုင်ရေး နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီက ခြေလျင်စစ်ကြောင်း ၆ ကြောင်းခန့်ဖြင့် ထိုးစစ်ဆင်ခဲ့ကြောင်း၊ ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ မာခရောရှေ၊ လောကြေခူ၊ ထားလဲ၊ ပရယ်တော် နှင့် နန်းဖဲကျေးရွာများတွင် အောက်တိုဘာလ တစ်လတာလုံး ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ် ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဖရူဆိုမြို့နယ် အမှတ် ၁၄ တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်းမှ ထောက်ပို့ ယာဉ်တန်း ကာ် ၄၀ စီးခန့်သည် ပြည်ထောင်စုလမ်းမကြီးအတိုင်း အပြင်းအထန် ထိုး စစ် ဆင်၍ ဘောလခဲမြို့သို့ ဖြတ်သန်းဝင်ရောက်နိုင်ခဲ့ကြောင်း၊ ရိက္ခာ၊ ခဲယမ်းများ ပို့ဆောင်ပြီး နောက် အဆို ပါ ယာဉ်တန်းများမှာ ညတွင်းချင်းပင် အမှတ် ၁၄ တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်းဝင်းအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်တပ်၏ ထောက်ပို့ ယာဉ်တန်းများ ဖြတ်သန်းနိုင်ရန် လမ်းလုံခြုံရေးအဖြစ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ် ကြောင်းထိုးထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး တိုက်ပွဲ များဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်တန်းများဖြတ်သန်းသွားလာစဉ်တွင်လည်း တိုက်ပွဲ အကြိမ် ၃၀ နီးပါး ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးခန့် သေ ဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်၏ ထောက်ပို့ကားအချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ကရင်နီပြည်နယ် စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီအား ခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၄ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ဘောလခဲ မြို့သို့ ရိက္ခာ၊ ခဲယမ်းများ ပို့ဆောင်နိုင်ရန်အတွက် ဖရူ ဆိုမြို့နယ်အတွင်းရှိ အမှတ် ၁၄ တန်းမြှင့်စစ်ရေးလေ့ကျင့်ရေး ကျောင်းဝန်း အတွင်း၌ ဆုံရပ်ထားသော စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်း ကား ၇၀ ကျော်အနက်မှ ကားအစီးရေ ၄၀ ခန့်သာ ဘောလခဲ မြို့သို့ သွားရောက်နိုင်ခဲ့ပြီး ကျန်ရှိနေသော ကားအစီးရေ ၃၀ နီးပါးသည် ယခုအချိန်ထိ ထပ်မံဖြတ် သန်း၍ သွားရောက်နိုင်ခြင်း မရှိသေးဘဲ ဖရူဆို – ဘောလခဲ လမ်းမကြီးတစ်လျှောက်တွင် ထိတွေ့ တိုက် ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလအတွင်း စစ်ကောင်စီက လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘော လခဲမြို့နယ်တို့တွင် စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာများကို လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ပြီး လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၄ လုံး၊ စာသင်ကျောင်း ၁ ကျောင်း နှင့် ဆေးပေးခန်း ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

ထို့အတူ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၇ ဦး ဒဏ်ရာရရှိကာ လူနေအိမ် ၁၃ လုံး ထိခိုက်ပျက်ဆီးခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများသည် စစ်ရေး ပစ်မှတ်မဟုတ်သော လက်နက်မဲ့ပြည်သူများကို ရန်သူသဖွယ်သတ်မှတ်၍ စစ်ရာဇဝတ်မှုများကို ပေါ် ပေါ် ထင်ထင် ကျူးလွန်လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း KNDFက ဝေဖန်ထောက်ပြထားသည်။

ထို့ပြင် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်(MNT JP/MNDAA)၊ တအောင်း(PSLF/TNLA)၊ ရက္ခိုင်(ULA/ AA) တို့မှ ဦးဆောင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး” တွင် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) ၏ တပ်ရင်းအမှတ် ၆၀၆ က ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိ ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article