25 C
Yangon

ယင်းမာပင်တွင် စစ်တပ်နှင့်ရဲစစ်ကြောင်းကို တိုက်ခိုက်မှု ဒုရဲအုပ် ၁ ဦး အပါ အဝင် ရဲ ၆ ဦးသေဆုံးပြီး လက်နက် ၆ လက်နှင့် ခဲယမ်းများ ရရှိ

Must read

ယင်းမာပင်တွင် စစ်တပ်နှင့်ရဲစစ်ကြောင်းကို တိုက်ခိုက်မှု ဒုရဲအုပ် ၁ ဦး အပါ အဝင် ရဲ ၆ ဦးသေဆုံးပြီး လက်နက် ၆ လက်နှင့် ခဲယမ်းများ ရရှိ

ရန်ကုန်၊ မေ ၁၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်တပ်နှင့်ရဲစစ်ကြောင်းကို တော်လှန် ရေးတပ်များက တိုက်ခိုက်ရာ ဒုရဲအုပ် ၁ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦးသေ ဆုံးပြီး လက်နက် ၆ လက်နှင့်ခဲယမ်းများရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန် ယင်းမာပင်မြို့နယ် ၊ အောင်ဇေယျကုန်း အနီး သီတဂူဘုန်း ကြီးကျောင်းမှလာသော ရဲနှင့် စစ်တပ်စစ် ကြောင်း ကို တော်လှန်ရေးတပ်များက ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း၊ ရဲများ စီးနင်းလာသော Probox ကားတစ်စီး မီးလောင်သွားပြီး ဒုရဲအုပ် ၁ ဦး၊ ရဲဒုတပ်ကြပ် ၂ ဦး၊ ရဲတပ်သား ၃ ဦး စုစုပေါင်း ရဲ ၆ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

သေဆုံးသွားသော ရဲ ၆ ဦးထံမှ G3 လက်နက် ၃ လက်၊ M16 ၁ လက် ၊ HK ၁ လက် ၊ Uzi ၁ လက် ၊ ၅ ဒသမ ၅၆ ကျည် ၁၆၅ တောင့် ရရှိခဲ့ပြီး တော်လှန် ရေး ရဲဘော် ၁ ဦး ဝမ်းဗိုက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်မြို့နယ် တိုက်နယ် ၁ ပကဖ မှ နဂါးညီနောင် နှင့် ချိုမိုင်မိုင် မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article