36 C
Yangon

စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး အပါအဝင် ကတိကဝတ်များ မရှိဘဲ မည်သည့်ဆွေးနွေးမှုကိုမျှ ပြုလုပ်ရန် မရှိဟု NUG က ကြေညာ၊ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ခြေရှိဆိုသော အင်ဒိုနီးရှားနှင့်အာဆီယံသံတမန်ရုံး၏ ထုတ်ပြန်ချက် ကောက်ချက်ချမှုသာဖြစ်ပြီး NUG နှင့်မသက်ဆိုင်

Must read

စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး အပါအဝင် ကတိကဝတ်များ မရှိဘဲ မည်သည့်ဆွေးနွေးမှုကိုမျှ ပြုလုပ်ရန် မရှိဟု NUG က ကြေညာ၊ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ခြေရှိဆိုသော အင်ဒိုနီးရှားနှင့်အာဆီယံသံတမန်ရုံး၏ ထုတ်ပြန်ချက် ကောက်ချက်ချမှုသာဖြစ်ပြီး NUG နှင့်မသက်ဆိုင်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး အပါအဝင် ကတိကဝတ်များ မရှိဘဲ မည်သည့်ဆွေးနွေးမှုကိုမျှ ပြုလုပ်ရန် မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေး အာမခံချက်မရှိဘဲ၊ ပြည်သူ့သဘောထားကို အခြေမခံဘဲ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ မဟာမိတ်များ၏ သဘောထားဆန္ဒမပါဘဲ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအား အပြည့်အဝ ကျင့်သုံးနိုင်မည့် အခြေအနေအပေါ် အာမခံချက်မရှိဘဲ မည်သည့်ဆွေးနွေးမှုကိုမျှ ပြုလုပ်ရန် အလျဉ်းမရှိကြောင်း၊ နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် အင်ဒိုနီးရှား အစိုးရ၏ ဦးဆောင်မှုဖြင့် အာဆီယံအထူးသံတမန်ရုံးက မြန်မာနိုင်ငံမှ သက်ဆိုင်သူ (Stakeholders) များနှင့် ထိတွေ့ဆက်ဆံဆွေးနွေးခဲ့မှုနှင့်စပ်လျဉ်း၍ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ပတ်သက်၍ တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ်ဆိုသူများအပါအဝင် မည်သူနှင့်မျှ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မျှ တွေ့ဆုံဆက်ဆံခြင်း (လုံးဝ) မရှိကြောင်း NUG က ပြောဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အာဆီယံ၏မြန်မာ့အရေး ကြားဝင်ဆောင်ရွက် နေမှုများအား ထောက်ခံတွန်းအားပေးနေသည့်အားလျော်စွာ အမျိုးသားညီညွတ်ရေးအစိုးရသည် နွေဦးတော်လှန်ရေးကြီး၏ ဖြစ်ပေါ်တိုးတက်နေမှုအခြေအနေများနှင့် မိမိတို့၏ရပ်တည်ချက် သဘော ထားများကို အာဆီယံအနေဖြင့် အချိန်နှင့်တပြေးညီ မှန်ကန်ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် အတွက် အာဆီယံ၏ “ အဖွဲ့များအလိုက်သီးခြားစီတွေ့ဆုံမှု ” အစီအစဉ်များတွင် အာဆီယံနှင့်သာ သီးသန့်တွေ့ဆုံ၍ ဆွေးနွေးဆက်ဆံလျက် ရှိကြောင်း NUG က ရှင်းပြသည်။

အာဆီယံအနေဖြင့် အာဆီယံအထူးသံတမန်ရုံးမှတဆင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရန် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်မှုများကို အမျိုးသားညီညွတ်ရေး အစိုးရက နားလည်အသိအမှတ်ပြုကြောင်း ၊ သို့ရာတွင် အာဆီယံက တွေ့ဆုံဆွေးနွေးမှုကို တိုက်တွန်းလာသည့် အခါတိုင်း “ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေး အာမခံချက်မရှိဘဲ၊ ပြည်သူ့သဘောထားကို အခြေမခံဘဲ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ မဟာမိတ်များ၏ သဘောထားဆန္ဒမပါဘဲ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအား အပြည့်အဝ ကျင့်သုံးနိုင်မည့် အခြေအနေအပေါ် အာမခံချက်မရှိဘဲ မည်သည့်ဆွေးနွေးမှုကိုမျှ ပြုလုပ်ရန် အလျဉ်းမရှိပါ ” ဟု အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရှင်းလင်းစွာ သဘောထားပေးခဲ့ပြီးဖြစ်ကြောင်း NUG က ရှင်းလင်းပြောဆိုသည်။

သို့ဖြစ်သောကြောင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ခြေရှိမှုနှင့် ပတ်သက်သည့် ဖော်ပြချက်သည် အာဆီယံ အထူး သံတမန်ရုံး၏ ကောက်ချက်ချမှုသာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် သက်ဆိုင်ခြင်း မရှိပါကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article