25 C
Yangon

မြင်းမူမြို့ရှိ မြန်မာ့ စီးပွားရေးဘဏ်နှင့် မြောင်မြို့မရဲစခန်းတို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

Must read

မြင်းမူမြို့ရှိ မြန်မာ့ စီးပွားရေးဘဏ်နှင့် မြောင်မြို့မရဲစခန်းတို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ မြန်မာ့ စီးပွားရေးဘဏ်နှင့် မြောင်မြို့မရဲစခန်းတို့ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF မှ သတင်းနှင့်ပြန် ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂ ရက် ညနေ ၅ နာရီခန့်က မြင်းမူမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ၂ ဦးသာမန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“မြင်းမူမြို့ပေါ် ဗုံးကျဲမှုမှာ ဒဏ်ရာရတဲ့သူတွေနဲ့ သေတဲ့သူတွေကို ကားနဲ့လာသယ်သွားတယ်၊ မြောင်ရဲ စခန်း ကျဲချမှုက သေဆုံးထိခိုက်ဒဏ်ရာရရှိမှု စုံစမ်းနေတုန်းပဲ၊ ဒရုန်းချပြီးတော့ စစ်ခွေးတွေ မြောင်ဆေး ရုံကို ပိတ်ပြီး ဆေးရုံရှေ့မှာလည်း အစောင့်နှစ်ယောက်ချထားတယ်၊ ဒဏ်ရာရတဲ့သူတွေရှိလို့ အသိမခံချင် လို့ကြိတ်ကုနေတာဖြစ်မယ်၊ စကစလက်အောက်ခံဝန်ထမ်းတစ်ဦးလည်း ပေါင်ထိသွားတယ်” ဟု စစ်ကိုင်း ခရိုင်တပ်ရင်း ၄ – MSPDF မှ သတင်းနှင့်ပြန် ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF ၊ စစ်ကိုင်းခရိုင်အမှတ် ၆ တပ်ရင်း၊ တပ်ခွဲ ၁ ၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း-မြေလတ် PDF ၊ မြင်ခြံခရိုင်တပ်ရင်းအမှတ် ၈ တပ်ရင်း-NRDF၊ Myaung Ranger Force MRF ၊ CDSOM ၊ မြောင်မြို့နယ် ပလဖ၊ ဒေါင်းညီနောင် ၊ CRA ချောင်းဦး နှင့် Peacock King MMU PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁ ရက် နံနက် ၉ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထား သည့် မြောင်မြို့မရဲစခန်းကို Shar Htoo Waw နည်းပညာမြင့် တိုက်ခိုက်ရေး Fixed Wings Drone များ ဖြင့် Air Bomb ၁၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် မြောင်မြို့မပေါ်မှ Non CDM ဝန်ထမ်းတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/ MSDF ၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း တပ်ခွဲ ၁ -မြေလတ်PDF ၊ စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်း တပ်ခွဲ ၃ ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊ ချောက် PDF ၊ CDSOM 007 ၊ Bomb God ၊မြောင်မြို့နယ် စဖို နှင့် မြောင်မြိုနယ် ပြည်သူ့ရင်ခွင် တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article