25 C
Yangon

ကိုးကန့်ဒေသရှိ စစ်စခန်း ၅ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်ခဲ့ပြီး တပ်စခန်း စုစုပေါင်း ၂၀၂ ခု သိမ်းပိုက်ထား၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၆ ဦးအရှင် ဖမ်းမိ

Must read

ကိုးကန့်ဒေသရှိ စစ်စခန်း ၅ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်ခဲ့ပြီး တပ်စခန်း စုစုပေါင်း ၂၀၂ ခု သိမ်းပိုက်ထား၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၆ ဦးအရှင် ဖမ်းမိ

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၅ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်ခဲ့ပြီး တပ်စခန်း စုစုပေါင်း ၂၀၂ ခု သိမ်းပိုက်ထားကြောင်း MNDAA ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက် ၁၀ နာရီမိနစ် ၂၀ ခန့်တွင် တုန်ရှင်းတုန်ချိန် အပြင်ဘက် မာဟိုင်တောင် နေရာ၌ ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို MNDAA က ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ရာ ၁ နာရီ မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ပြီး နံနက် ၁၁ နာရီ ၄၆ မိနစ်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ ကြောင်း၊ ထို့အတူ နံနက် ၁၀ နာရီ ၁၆ မိနစ်တွင် စခန်းတာအိုင်တောင်ခြေ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ၃ ခုကို တိုက်ခိုက်ခဲ့ရာ ၁၁ နာရီ ၁၆ မိနစ်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် နံနက် ၁၀ နာရီခန့်က စတင်ပြီး တုန်ရှမ်းဒေသ၊ လောက်ရှုကုတ်ရွာအနောက်ဘက် တောင်ကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ ၅၂၇ တပ်ရင်းစခန်းကို MNDAA တပ်ဖွဲ့ ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၅ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားပြီး ညနေ ၂ နာရီ ၄၈ မိနစ်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသော အကြမ်းဖက် စစ်ကောင်စီတပ်သား အချို့ရှိပြီးလက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

သိန္နီခရိုင်တွင် ယနေ့ ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်၌ နန့်စလပ်ဗျူဟာကုန်းမှ ထွက်ပြေး လာ သောအကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ၎င်းတို့ဖွတ်ထားခဲ့သော စိန် ပြောင်း တစ်လက်၊ ရိုင်ဖယ်သေနတ်၊ စက်သေနတ်နှင့် ဂရန်ဒီယာ စသည့်လက်နက် မျိုးစုံနှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၁၀.၂၇ စစ်ဆင်ရေး ၃၈ ရက်မြောက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း ကြီးငယ်ပေါင်း ၂၀၂ ခုကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီး ချင်းရွှေ‌ဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း ၊ ကုန်းကြမ်း စသည့်မြို့ ၅ မြို့ ကို သိမ်းပိုက်နိုင်ခဲ့ကာ ချင်းရွှေဟော် ၊ မုံးကိုး ၊ ပန်ဆိုင်း နှင့် ကျင်းစံကျော်နယ်စပ်ဂိတ် ၄ ခုကိုသိမ်းပိုက်ရရှိထားကြောင်း၊ လက်ရှိ လက်နက်ကိုင်တော်လှန်‌ရေး တပ်ဖွဲ့မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၁၉ ခုကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article