33 C
Yangon

မုန်းမြို့သိမ်းတိုက်ပွဲတွင် အမြောက်များ၊ လက်နက်ကြီးကျည်များ၊ လက်နက်အများအပြား သိမ်းဆည်းရရှိ၊ အလင်းဝင်သူ အရာရှိနှင့် စစ်သား ၁၉ ဦး၊ မိသားစုဝင် ၄၂ ဦးကို စောင့်ရှောက်ထားသည့်အပြင် ဒဏ်ရာရရှိသူများကို ဆေးကုသပေးနေ

Must read

မုန်းမြို့သိမ်းတိုက်ပွဲတွင် အမြောက်များ၊ လက်နက်ကြီးကျည်များ၊ လက်နက်အများအပြား သိမ်းဆည်းရရှိ၊ အလင်းဝင်သူ အရာရှိနှင့် စစ်သား ၁၉ ဦး၊ မိသားစုဝင် ၄၂ ဦးကို စောင့်ရှောက်ထားသည့်အပြင် ဒဏ်ရာရရှိသူများကို ဆေးကုသပေးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်၏ အမြောက်များ၊ လက်နက်ကြီးကျည်များ၊ လက်နက်အများအပြား သိမ်းဆည်းရရှိပြီး အလင်းဝင်သူ အရာရှိနှင့် စစ်သား ၁၉ ဦး၊ မိသားစုဝင် ၄၂ ဦး ကို စောင့်ရှောက်ထားသည့်အပြင် ဒဏ်ရာရရှိသူများကို ဆေးကုသပေးနေကြောင်း တော်လှန်ရေး တပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (၅၉၀) နှင့် (၅၉၉)၊ မုန်းမြို့မရဲစခန်းတို့ကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်၊ မုန်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင်း ဖမ်းဆီးရရှိသည့် သုံ့ပန်းများ၊ လက်နက်ချ အညံ့ခံလာသည့် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ ကိုလည်း တော်လှန်ရေး အင်အားစုများက ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ ယင်းအပြင် ဒဏ်ရာရထားသည့် ရန်သူ့တပ်သားများကိုလည်း လူသားချင်းစာနာမှုအပြည့်အဝဖြင့် ဆေးကုသကာ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရှိရသည်။

မုန်းမြို့ပေါ်ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်ချိန်အတွင်း လက်နက်ကြီးလက်နက်ငယ်အများအပြား သိမ်းဆည်းရရှိကာ ခမရ−၅၉၀ အတွင်း ဝင်ရောက်တပ်စွဲထားသော ခလရ−၈၄ မှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်သား (၁၉) ဦးခန့် မှာ လက်နက်ချ အညံ့ခံခဲ့ပြီး ဝင်းအတွင်းရှိ တပ်မိသားစုဝင် (၄၂) ဦးကိုလည်း စစ်သုံ့ပန်း ဥပဒေများနှင့် အညီ ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက် ပေးလျက်ရှိကြောင်း KNU က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article