31 C
Yangon

ဒေါ်လာ ပြတ်လပ်နေသည့် အကြမ်းဖက် စစ်ကောင်စီက ငွေလဲနှုန်း စျေးကွက်ပေါက်စျေး ပြန်လည်သတ်မှတ်မှုကြောင့် ပို့ကုန်ရငွေနှင့် ပြည်ပအလုပ်သမားများ၏ ပြန်ပို့ငွေများ ပြည်တွင်း ပြန်ဝင်လာမည်ဟု မျှော်လင့်နေ

Must read

ဒေါ်လာ ပြတ်လပ်နေသည့် အကြမ်းဖက် စစ်ကောင်စီက ငွေလဲနှုန်း စျေးကွက်ပေါက်စျေး ပြန်လည်သတ်မှတ်မှုကြောင့် ပို့ကုန်ရငွေနှင့် ပြည်ပအလုပ်သမားများ၏ ပြန်ပို့ငွေများ ပြည်တွင်း ပြန်ဝင်လာမည်ဟု မျှော်လင့်နေ

■ ဒေါ်လာစျေး သတ်မှတ်မှု အပြောင်းအလဲ စက်သုံးဆီကဏ္ဍနှင့် သွင်းကုန်များအပေါ် အကျိုးသက်ရောက်မှုရှိမည်ဟု ဇော်မင်းထွန်းပြော

ရန်ကုန်၊ ဒီဇင်ဘာ ၇

အမေရိကန်ဒေါ်လာ ဝင်ငွေ နည်းပါး ပြတ်လပ်နေသည့် အကြမ်း ဖက် စစ်ကောင်စီက ပို့ကုန်ရငွေများနှင့် ပြည်ပ အလုပ်သမားများ၏ ပြန်ပို့ငွေများ ပြည် တွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ငွေလဲနှုန်းကို နှုန်းရှင် သတ်မှတ်လိုက်ပြီး ယင်းသတ်မှတ်မှုကြောင့် အမေရိကန် ဒေါ်လာများ ပြည်တွင်းသို့ ပိုမို ပြန်လည် ဝင်ရောက်လာမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာ ရည်ညွှန်း သတ်မှတ်စျေး မရှိတော့ဘဲ အမေရိကန်ဒေါ်လာ အဝယ်အရောင်းများကို စျေးကွက်ပေါက်စျေးအတိုင်းဆောင်ရွက်ရန် ကြေညာခဲ့သည်။

အမေရိကန်ဒေါ်လာတန်ဖိုးကို စျေးကွက်ပေါက်စျေးအတိုင်း နှုန်းရှင် သတ်မှတ်လိုက်ခြင်းသည် စစ်ကောင်စီက ပို့ကုန်များ တိုးမြှင့်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်ရန်ဖြစ်ကြောင်း၊ သွင်းကုန်သမားများအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး စက်သုံးဆီကဏ္ဍကို အကျိုး သက်ရောက်မည်ဖြစ်ကြောင်း၊ သို့ရာတွင် သက်ရောက်မှုသည် တခဏတာသာဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ဆိုသည်။

“ပို့ကုန်တင်ဖို့နိုင်ဖို့ အတွက် နိုင်ငံအတွင်းမှာရှိတဲ့ ထုတ်ကုန်ပစ္စည်းများကို မြှင့်တင်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီလိုက်ဆောင် ရွက်ရတဲ့ အခြေအနေမှာတော့ ဘယ်နေရာတွေမှာ အကျိုးသက်ရောက်သလဲဆိုရင် Import ကိစ္စတွေမှာ အကျိုး သက်ရောက်မှု အနည်းငယ်ရှိပါလိမ့်မယ်။ အထင်ရှားဆုံးပြောရရင် စက်သုံးဆီကဏ္ဍမှာ အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ဆိုသည်။

မူဝါဒ အပြောင်းအလဲကြောင်း ပို့ကုန်ရငွေများနှင့် ပြည်ပမှ အလုပ်သမားများ၏ ပြန်ပို့ငွေများ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက် လာပြီး စျေးကွက်တွင် အမေရိကန်ဒေါ်လာစျေးနှုန်းကို အလိုလိုထိန်းညှိသွားလိမ့်မည်ဟု အကြမ်းဖက်ဇော်မင်းထွန်းက ဆိုသည်။

ထို့ပြင် စစ်ကောင်စီက ပို့ကုန်သမားများအနေဖြင့် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်က သတ်မှတ်ညွှန်ကြားသည့်အတိုင်း မြန်မာကျပ်ငွေ လဲလှယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို မိမိစိတ်ကြိုက် စီမံနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

“စျေးကွက်ကို အမိန့်အာဏာနဲ့ ထိန်းချုပ်ပြီးတော့မှ သူ့မှာ ဒေါ်လာမရှိတော့မှ စျေးကွက်စီးပွားရေးအတိုင်း လုပ်ကြဆိုတာမျိုးကတော့ ဆေးမမီတော့ဘူး။ အချိန်နောက်ကျသွားပြီ။ စျေးကွက်ကို အာဏာနဲ့ သေနတ်နဲ့ ခြိမ်းခြောက်ကတည်းက ပျောက်သွားတဲ့ ယုံကြည်မှုတွေက စျေးကွက်စီးပွားရေး အတိုင်းလုပ်ကြဆိုရင်လည်း ဒီစစ်ဗိုလ်ချုပ်တွေကို ဘယ်သူမှ မယုံတော့ဘူး။ အဲဒီတော့ အားလုံးသိကြတာ ဒီစစ်ဗိုလ်ချုပ်တွေဟာ အချိန်မရွေး စျေးကွက်ကို လွှတ်လိုက် ပိတ်လိုက် လုပ်မယ့်ကောင်တွေဆို သိနေကြပြီ။ အခု ငွေလဲနှုန်း နှုန်းရှင် ပြန်လုပ်တာလည်း သူတို့မှာ ဒေါ်လာ မရှိလို့ ဒေါ်လာတွေ ပြန်ဝင်စေချင်လို့ လုပ်တာ။ ဒါပေမယ့် မရပါဘူး။ စီးပွားရေးမှာ ယုံကြည်မှု ပျောက်သွားရင် ဘယ်တော့မှ အဲဒီစီးပွားရေးက နာလန်မထူဘူး။ အခုလည်း မတတ်သာတော့မှ နှုန်းရှင်ပြန်လုပ်ပြီး စျေးကွက်စီးပွားရေးလို့ ပြောတာက ခွေးပါးစပ်က နတ်စကားထွက်သလိုပဲ။ စျေးနှုန်းတွေ ပိုကြီးပြီး စျေးကွက်ပျက်တာကလွဲရင် ဘာမှ ဖြစ်မလာနိုင်ဘူး” ဟု ရန်ကုန် UMFCCI မှ အသင်းဝင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက် ဇော်မင်းထွန်း။

Photo Credit- DVB

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article