38 C
Yangon

Breaking News- မော်လူးမြို့ကို KIA ၊ PDF ၊ ABSDF အပါအဝင် တော်လှန် ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

Must read

Breaking News- မော်လူးမြို့ကို KIA ၊ PDF ၊ ABSDF အပါအဝင် တော်လှန် ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ မော်လူးမြို့ကို KIA ၊ PDF ၊ ABSDF အပါအဝင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ABSDF မြောက်ပိုင်းတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၂ နာရီအချိန် အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ မော်လူးမြို့ရဲစခန်း အပါအဝင် စစ်ကောင်စီတပ်များကို KIA ၊ PDF ၊ ABSDF အပါအဝင် တော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၆ နာရီတွင် မော်လူးမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

“နံနက် ၂ နာရီကနေ စတိုက်တာ နံနက် ၆ နာရီမှာ မော်လူးမြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ပါတယ်။ နံနက် ၇ နာရီမှာ ဂျက်လေယာဉ် တစ်စင်းနဲ့လာပစ်တယ်။ ဗုံး ၂ လုံးကျဲချသွားတယ်။ ၁ လုံးက မပေါက်ကွဲဘူး။ ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိပါဘူး။ ” ဟု ABSDF မြောက်ပိုင်းတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မော်လူးမြို့သိမ်းတိုက်ပွဲတွင် ABSDF ၊ KIA၊ PDF ၊ ပကဖ ၊ ပအဖ ၊ ပလဖ တပ်ပေါင်းစုတို့ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းတွင် ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေး မြို့များကို တော်လှန်ရေး တပ်များက သိမ်းပိုက်ထားပြီး ယခုနောက်ဆုံး မော်လူးမြို့ကိုပါ သိမ်းပိုက်ရရှိခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မော်လူးမြို့ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ရှင်းလင်းနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article