29 C
Yangon

မြိတ်မြို့နယ်ရှိ စစ်တပ်တိုးဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွား​သောကြောင့် ဂိတ်ကို မီးရှို့ရှင်းလင်း၊ ရေတာရှည်ရှိ စစ်တပ် အထိုင်စခန်းကို ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြိတ်မြို့နယ်ရှိ စစ်တပ်တိုးဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွား​သောကြောင့် ဂိတ်ကို မီးရှို့ရှင်းလင်း၊ ရေတာရှည်ရှိ စစ်တပ် အထိုင်စခန်းကို ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တဂံတောင်ပုကျေးရွာရှိ အကြမ်းဖက် စစ်တပ် တိုးဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွား​သောကြောင့် ဂိတ်ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၁၂ နာရီခန့်က မြိတ်မြို့နယ်၊ တဂံတောင်ပုကျေးရွာရှိ တိုးဂိတ်၌ တပ်စွဲပြီး ခရီးသွားပြည်သူများထံမှ ငွေကြေးကောက်ခံလျက်ရှိသော စစ်ကောင်စီတပ်သားများကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီး စစ်ကောင်စီ တပ်သားများ ခေါ်ယူခိုင်းစေနေသည့် ပြည်သူ ၄ ဦး အရှင် ဖမ်းမိ ခဲ့ကြောင်း၊ ဖမ်းမိသည့် တိုးဂိတ်စောင့် ပြည်သူ ၄ ဦးကို စစ်ဆေးမှုများပြုလုပ်ပြီး ၎င်းတို့ ပိုင်ဆိုင်သော ပစ္စည်းများနှင့်အတူ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တပ်ဖွဲ့ဝင်များ၊ တောပုံး ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(တနင်္သာရီ-ပကဖ) ၊အရိပ်ပြောက်ကျားအဖွဲ့(ပုလော-ပကဖ) နှင့် တနင်္သာရီတိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ရေတာရှည်မြို့နယ်၊ ရွှေကဇောင်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပုဝါနီစစ်ကြောင်း ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်က ရေတာရှည်မြို့နယ်၊ ရွှေကဇောင်းကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ၄၀ မမ ဖြင့် သွားရောက်သွားပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း ပြောက်ကျားပွိုင့်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ‌ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article