29 C
Yangon

မတ္တရာမြို့နယ်တွင် မိုင်းရှင်းနေသော စစ်သားများကို မိုင်းခွဲတိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပန်းသလဲတောင်ပေါ်ရှိ စစ်တပ်စခန်းကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မတ္တရာမြို့နယ်တွင် မိုင်းရှင်းနေသော စစ်သားများကို မိုင်းခွဲတိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပန်းသလဲတောင်ပေါ်ရှိ စစ်တပ်စခန်းကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မန္တလေး -မိုးကုတ်လမ်းမပေါ် မြို့ဆိုးကုန်းတံတားတွင် မိုင်းရှင်း နေ သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ဒီဇင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၂၂ မိနစ်က မတ္တရာမြို့နယ်၊ မန္တလေး – မိုးကုတ်လမ်းမကြီး အနီး တံတား ဖြူ နှင့် မြို့ကုန်းတံတားတွင် ကားလေး ၂ စီးဖြင့် ရောက်ရှိလာပြီး မိုင်းရှာဖွေ စစ်ဆေး နေစဉ် မတ္တရာမျိုးမှန်တပ်ဖွဲ့ဝင်များမှ ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မြို့ဆိုးကုန်းတံတားအနီးမှာ မိုင်းထောင်ထားတယ်ဆိုတာ သတင်းရလို့ မိုင်းကွင်းလာရှင်းတဲ့ စစ် ကောင်စီတပ်သားတွေပါ၊ မိုင်းရှင်းနေတုန်း စစ်သား ၄ ဦး မိုင်းကွင်းနားကို တဖြည်းဖြည်းကပ်လာပြီး မိုင်းကွင်းပေါ်ရောက်တဲ့အချိန် ချိန်သားကိုက်မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့တာပါ” ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ် ရှေ့ပိုင်း၊ ပန်းသလဲတောင်ပေါ်ရှိ အ ကြမ်း ဖက်စစ်တပ်စခန်းကို မတ္တရာမျိုးမှန်တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီတပ်သားများက စက်လက်ကြီး(ငါးကြင်းမြီး)၊ ၆၀ မမလက်နက်ကြီး၊ RPG တို့ဖြင့် တန်ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မတ္တရာမျိုးမှန်တပ်ဖွဲ့နေဖြင့် ယနေ့အထိ စစ်ဆင်ရေးပေါင်း ၉၄ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၂၄၄ ဦးကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ဆင်ရေးမှတ်တမ်း အချက်အလက်များအရ မတ္တရာမျိုးမှန်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article