30 C
Yangon

ပြင်ဦးလွင် သသနတပ်တွင် အမျိုးသမီး မှန်သမျှ စစ်သင်တန်း မဖြစ်မနေ တက်ခိုင်း၊ သင်တန်းမတက်လျှင် လိုင်းခန်း ပြန်သိမ်းမည်ဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန တပ်) တွင် စစ်သည်များ၏ ဇနီးမယားများ အပါအဝင် အမျိုးသမီး မှန် သမျှ စစ်သင်တန်းမဖြစ်မနေ တက်ရမည်ဟု စစ်ကောင်စီက ဖိအားပေး လာ ကြောင်း တပ်တွင်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ယခုဇန်နဝါရီလအတွင်း ပြင်ဦးလွင် သသနတပ်အတွင်း အမျိုးသမီးများ အား လုံးကို စစ်သင်တန်းပို့ချမည်ဖြစ်ပြီး မဖြစ်မနေ သင်တန်းတက်ရောက် ခိုင်း နေကြောင်း၊ စစ်သင်တန်း မတက်လျှင် တပ်တွင်း လိုင်းခန်းတွင် နေထိုင်ခွင့် မပြုဘဲ လိုင်းခန်းကိုပါ ပြန်လည် သိမ်းယူမည်ခြိမ်းခြောက်လာကြောင်း သိရှိရသည်။

“ပြင်ဦးလွင် သသန မှာ အမျိုးသမီးတွေအားလုံးပါ စစ်သင်တန်း ကို အတင်း အဓမ္မ တက်ခိုင်းနေပါတယ်။ စစ်သင်တန်း မတက်ရင် ပေးထားတဲ့ လိုင်းခန်း တွေပြန်သိမ်းပြီး သင်တန်းတတ်သူတွေကို ပဲလိုင်းခန်းမှာ နေခွင့်ပေး မယ် ဆိုတာမျိုးတွေ လုပ်လာတယ်။ မတက်ရင် မဖြစ်တဲ့ပုံစံမျိုးနဲ့ ဖိအားပေး ခံနေ ရတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် ပြင်ဦးလွင်သို့ TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၊ မန္တလေး PDF များ လာရောက်တိုက်ခိုက်မည်ဆိုသော သတင်းများကြောင့် ပြင်ဦးလွင်တစ်ခွင်ကို နေ့စဉ် ရာပေါင်းများစွာ စစ်သားများက ခြေလျင် စစ်ကြောင်းများဖြင့် ကင်းလှည့်နေကြကြောင်း၊ ထို့ပြင် ပြင်ဦးလွင် တပ်များ တွင်လည်း ကတုတ်ကျင်းများ တူးထားပြီး ဘန်ကာများကိုလည်း အခိုင်အမာ တည် ဆောက်ကာ ခံစစ်အတွက် အထူးပြင်ဆင်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်မှ စစ်သားများ၏ အိမ်ထောင်သည်အမျိုးသမီးများ စစ်မှုထမ်း နေရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA #PDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article