29 C
Yangon

မုံရွာတွင် ” လူထုကို ဦးညွတ်ကြ ” ဟူသော သပိတ်စာသားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မုံရွာမြို့နယ် တစ်နေရာအတွင်း မုံရွာလူထုသပိတ်စစ်ကြောင်းရှည်​ကြီးကို မကွေးလူထုတိုက်ပွဲကော်မတီ နှင့်အတူ ချီတက်ခဲ့ကြပြီး ကျေးရွာအနှံ့အပြားမှ ပြည်သူဦး​ရေ ထောင်နှင့်ချီ၍ လာရောက်ပူးပေါင်း ဝန်းရံခဲ့ကြသည်။

အဆိုပါ သပိတ်တွင် ” လူထုကို ဦးညွတ်ကြ ” ဟူသော သပိတ်စာသားကို ကိုင်ဆောင်ခဲ့ကြပြီး လူထုသာလျှင် အခရာဖြစ်ကြောင်း နှင့် လူထုလှုပ်ရှားမှု လမ်းစဥ်တို့အပါအဝင် နိုင်ငံရေးသပိတ်သတင်းစကားများပေးပို့ ဟောပြောခဲ့ကြကာ လူထုသပိတ်လုံခြုံရေးကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #လူထုကို ဦးညွတ်ကြ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article