29 C
Yangon

အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ပေါ်သို့ လာရောက်တပ်စွဲသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ကာ မျှားခေါ်ပြီး မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ပေါ်သို့ လာရောက်တပ်စွဲသည့် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်ကာ မျှားခေါ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၇ နာရီခန့်က အုတ်ဖိုမြို့ နယ်၊ ဝိုင်းကျေးရွာ ရဲစခန်းမှ အကြမ်း ဖက်စစ်ကောင်စီတပ် သား အင်အား ၅၀ ခန့်ဖြင့် ဂမုန်းဆည်ပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာကာ ရှင်းလင်းဆောင်၌ တပ်စွဲထားသဖြင့် သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်တိုက် ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထို့သို့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် တာဝါတိုင်ကုန်းအနီး လယ် ကွင်းအတွင်း ထောာင်ထားသော မိုင်း ကွင်းအတွင်း မျှားခေါ်ရန် ဆုတ်ခွာခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများက ထွက်ပြေးသွား သည်အထင်ဖြင့် လိုက်လံတိုက်ခိုက်စဉ် မိုင်းကွင်းအရောက် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက် ခိုက်ပြီး ၄၀ မမ၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများမှာ သေဆုံး ဒဏ်ရာရရှိသူများကို အမိအရသယ်ဆောင်ပြီး ဖရိုဖရဲဖြင့် တပ်ဆုတ်ပြေးသွားကြောင်း သိရ သည်။

ဖရိုဖရဲဖြင့် တပ်ဆုတ်ခွာထွက်ပြေးကြသည့် စစ်ကောင်စီတပ်သားများကို ဇီးခင်း၊ ငှက်ပျောတော၊ ဝိုင်း ရဲစခန်း အထိတိုင် လိုက်လံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် သား ၃ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများထံမှ ကျည်ဘောက် ၂ ခု၊ ကျည်ဆံ အတောင့် ၄၀ ၊ လေးခွ ၁ လက်နှင့် စစ်အသုံးအ ဆောင်အချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

“ပြေးတာ တန်းနေတာပဲ၊ မသာတွေနဲ့ ဒဏ်ရာရသူတွေအရသယ်ပြီးပြေးကြတာ၊ သေ တဲ့အရေ အ တွက် တိုးလာနိုင်တယ်၊ အခုအထဲမှာ ပျူတွေလည်းပါမယ်ထင်တယ်၊ မနေ့က ညဘက်မှာ မသာတွေ နဲ့ ဒဏ်ရာရသူတွေကို လူနာတင်ယာဉ် ၂ စီးနဲ့လာသယ်သွားတယ်၊ မနေ့က နေ့ခင်းလောက် ကျတော့ လက်နက်ကြီးနဲ့ ၈ ချက်ပစ်သေးတယ်၊ သူတို့တက်တော့ မလာရဲတော့ဘူး” ဟု သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို၏ ကျားကြီးစစ်ကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #အုတ်ဖိုမြို့နယ် #စစ်သား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article