25 C
Yangon

မန်ဝန်းကြီးစခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သား ၂၀၀ ထက် မနည်း ကို စစ်သုံ့ပန်း အဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ဥပဒေ နှင့်အညီ ဆက် လက် ဆောင်ရွက်မည်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝန်ကြီးစခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိ သော စစ်သား ၂၀၀ ထက်မနည်းကို စစ်သုံ့ပန်းအဖြစ် သတ်မှတ်လိုက်ပြီး နိုင်ငံတကာဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်း KIA ဦးဆောင်သော တော်လှန်ရေးတပ် များက မန်ဝိန်းကြီး စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းစခန်း သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထွက်ပြေးကြကြောင်း၊ စခန်း အတွင်းတွင် မတတ်သာသည့် အဆုံး လက်နက်ချသူများရှိသကဲ့သို့ KIA တပ် များက လိုက်လံ တိုက်ခိုက်ရင်း တရုတ်နယ်စပ်တစ်လျှောက်တွင် လက်နက် ချသူ များလည်းရှိကြောင်း၊ အဆိုပါ ဖမ်းဆီးရရှိသူများသည် လိုလိုလားလား လက်နက်ချကြခြင်းမဟုတ်ဘဲ တိုက်ခိုက်သည့်အချိန် အတွင်း ရှုံးနိမ့်မည့် အခြေ အနေတွင်သာ လက်နက်ချကြခြင်းဖြစ်ကြောင်း ၊ ထို့ကြောင့် စစ်သုံ့ပန်း များ အဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ဥပဒေအတိုင်း ဆက်လက် ဆောင် ရွက်မည် ဖြစ်ကြောင်း KIA သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

“စစ်သား ၂၀၀ လုံးကြီးကို တစ်ပြိုင်နက်တည်းမိတာမဟုတ်ဘူး။ ဒီဘက်က ဝင်တိုက်မှ စခန်းဘက်မှာ တချို့က မတတ်သာလို့ လက်နက်ချတာ၊ တချို့က ထွက်ပြေးရင်း လိုက်တိုက်ခိုက်လို့ လက်နက်ချတာ။ တချို့က နယ်စပ်ဘက်မှာ ပြေးရင်း လက်နက် ချတာ။ အဲဒီလိုပါ။ စစ်သားတွေတင် မဟုတ်ဘူး ရဲတွေ လည်း ပါတယ်။ ဒါက သဘောတူညီချက်နဲ့ လက်နက်ချတာမဟုတ်ဘူး။ မတတ် သာလို့ လက်နက်ချလို့ စစ်သုံ့ပန်း ဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေအတိုင်းပဲ ဆက်လက် ဆောင်ရွက်မှာပါ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ထွက်ပြေးသော စစ်သားများနှင့် လက်နက်ချသော စစ်သားများ ထံမှ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်း ကျည်ဆန်များအပါအဝင် လက် နက်အလက်ပေါင်း ၂၀၀ ကျော်၊ ခဲယမ်းမြောက်မြားစွာ သိမ်းဆည်းရရှိကြောင်း၊ နယ်မြေရှင်းလင်း ဆက်လက် ဆောင်ရွက်နေပြီး မိုင်းထောင်များကိုလည်း ရှင်းလင်းရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KIA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article