25 C
Yangon

ဝက်လက်မြို့နယ်၊ ရေလည်မော်ရွာရှိ နေအိမ် ၁၂ လုံးနှင့် ဆိုင်ကယ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေလည်မော်ရွာရှိ ပြည်သူပိုင် နေအိမ် ၁၂ လုံးနှင့် ဆိုင်ကယ် ၄ စီးကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် စဉ့်ကူးမြို့နယ် ရွာသာယာ ပျူစောထီးရွာမှ အကြမ်းဖက် စစ်သားများသည် စက်လှေ အသေးဖြင့် ဝက်လက်မြို့နယ် ရေလည်မော်ရွာကို ဝင်ရောက်၍ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ရမ်းသမ်း ပစ်ခတ်ကာ ပြည်သူပိုင်နေအိမ်များနှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီရွာတွေက စစ်ဘေးရှောင်ရတာ။ သူတို့က တစ်လတစ်ခါ ရက် ၃၀ မှာ ရက် ၂၀ လောက်က မကြာခဏ ဒရုန်းနဲ့ လာလာချလို့ဗျ။ လက်ရှိတော့ ပြည်သူတချို့ကတော့ ရွာထဲ ပြန်ဝင်ကြတယ်။ တချို့ကတော့ မဝင်ဘူး” ဟု Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မီးရှို့ဖျက်ဆီးပြီးနောက် အကြမ်းဖက် စစ်သားများသည် ရွာသာယာ ပျူစောထီးရွာသို့ ပြန်ဝင်သွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #WetletInformationNetwork

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article