25 C
Yangon

နမ့်ဖတ်ကာ စစ်တပ်စခန်းများမှ လက်နက်ခဲယမ်း၊ အမြောက်နှင့် စစ်သုံး၊ တိုက်ခိုက်ရေးသုံး ပစ္စည်း များ မရေမတွက် နိုင်အောင် ရရှိသဖြင့် စာရင်းစိစစ်နေရဆဲ

Must read

နမ့်ဖတ်ကာ စစ်တပ်စခန်းများမှ လက်နက်ခဲယမ်း၊ အမြောက်နှင့် စစ်သုံး၊ တိုက်ခိုက်ရေးသုံး ပစ္စည်း များ မရေမတွက် နိုင်အောင် ရရှိသဖြင့် စာရင်းစိစစ်နေရဆဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA ဦးဆောင်သော တော်လှန် ရေး တပ်များက သိမ်းပိုက်ပြီးနောက် စစ်တပ်စခန်း များမှ ရရှိသော လက်နက်ခဲယမ်း၊ အမြောက် နှင့် စစ်သုံး တိုက်ခိုက်ရေးသုံးများ မရေမတွက်နိုင်အောင် ရရှိသဖြင့် စာရင်းစိစစ် နေရဆဲ ဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် နမ့်ဖက်ကာရှိ အကြမ်းဖက် စစ်တပ် ၏ တပ်စခန်းအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အခုတော့ပုံတွေထဲမှာပါတဲ့ 122 MM အမြောက် ၂ လက်၊ လေယာဥ်ပစ်စက်သေနတ် AA Gun ၁ လက်၊ Jammer ရွေ့လျားစက် အဒါတွေ ထင်သာမြင်သာရှိတာ သိမ်းဆည်းရရှိတယ်။ စာရင်းအကုန် မရသေးဘူး။ အခုထက်အထိနယ်မြေရှင်းလင်းလို့ မပြီးသေးဘူး ” ဟု KIA သတင်းရင်းမြစ်က ဆို သည်။

(ဓာတ်ပုံများကို KIA သတင်းရင်းမြစ်က ပေးပို့ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article