25 C
Yangon

ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ချလိုက်သည့် စစ်ရဟတ်ယာဉ်မှာ Eurocopter 365 အမျိုးအစားဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၉ သန်းတန်ဖိုးရှိ၊ ၂၀၂၁ ခုနှစ်တွင် စတင်အသုံးပြု

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ချလိုက်သည့် စစ်ရဟတ်ယာဉ်မှာ Eurocopter 365 အမျိုးအစားဖြစ်ပြီး စစ်တပ်က ကယ်ဆယ်ရေးလုပ်နေကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်သို့ တပ်ချိန်းရန်လာသည့် စစ်ရဟတ်ယာဉ် ၂ စီးကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပစ်ခတ်ရာ ရဟတ်ယာဉ် တစ်စီး ထိမှန်ပျက်စီးပြီး တပ်မ ၄၄ တပ်မှူး ဗိုလ်မှူးချုပ် အေးမင်းအောင် အလွန်အပြင်းအထန်ဒဏ်ရာရရှိထားကြောင်း KNLA သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်အချိန် သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းထဲသို့ တပ်ချိန်းရန် လာသည့် စစ်ရဟတ်ယာဉ် ၂ စီးကို KNLA တပ်များနှင့် တော်လှန်ရေးတပ်များက ၀ိုင်းဝန်း ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ရဟတ်ယာဉ် တစ်စီးမှာ ကျည်ထိမှန် ပျက်စီးသွားပြီ ခမရ ၃၅၅ တပ်ရင်းထဲတွင် ရပ်တန့်ထားကြောင်း၊ အခြားစစ်ရဟတ်ယာဉ်မှာမူ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသော တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်မှာ ဒဏ်ရာ အပြင်းအထန်ဒဏ်ရာရရှိထားပြီး အခြားအဆင့် ၅ ဦးမှာလည်း ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။

“ရဟတ်ယာဉ် ၂ စီးလာတာကို ပွိုင့်ဖိုက်တွေရော ဒရုန်းတွေရော ဒုံးတွေရောနဲ့ ၀ိုင်းပစ်ကြတာ။ တစ်စီးက ကျည်ထိမှန်ပြီး အခုထက်ထိ တပ်ဝင်းထဲမှာ မပျံနိုင်တော့ဘူး ရပ်ထားတယ်။ တပ်မမှူးကတော့ ဒဏ်ရာ အတော်ပြင်းထန်တယ်။ သေနိုင်လောက်တယ်။ အခြား အဆင့် ၅ ဦးလည်းဒဏ်ရာရထားတယ်။ “ဟု KNLA သတင်းရင်းမြစ်က ပြောဆိုသည်။

ကော်ဘရာစစ်ကြောင်းက ပစ်ချလိုက်သည့် Eurocopter 365 စစ်ရဟတ် ယာဉ်မှာ ဒေါ်လာ ၉ သန်းနီးပါး တန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တပ်တော်ဝင်ခဲ့ခြင်းဖြစ်ပြီးကြောင်း သိရှိရသည်။

Photo- ပေးပို့- CJ ။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #Eurocopter365 #KNLA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article