29 C
Yangon

မြန်မာနိုင်ငံတွင် စစ်တပ်က ခရစ်ယာန်ဘာသာဝင်များ ဖိနှိပ်ခံနေရမှု အခြေအနေများ အမေရိ ကန် အောက်လွှတ်တော်တွင် ရှင်းလင်းပွဲ NUG နှင့် CRPH ကိုယ်စား လှယ်များ တက်ရောက်

Must read

မြန်မာနိုင်ငံတွင် စစ်တပ်က ခရစ်ယာန်ဘာသာဝင်များ ဖိနှိပ်ခံနေရမှု အခြေအနေများ အမေရိ ကန် အောက်လွှတ်တော်တွင် ရှင်းလင်းပွဲ NUG နှင့် CRPH ကိုယ်စား လှယ်များ တက်ရောက်

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များ ဖိနှိပ်ခံနေရမှု အခြေအနေများ အမေရိကန်အောက်လွှတ်တော်တွင် ရှင်း လင်းပွဲ NUG နှင့် CRPH ကိုယ်စား လှယ်များ တက်ရောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG သမ္မတရုံးက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ဘာသာဝင်များအပေါ် ဖိနှိပ်သတ်ဖြတ်မှု တိုးမြင့်လာခြင်းနှင့် လူသားခြင်းစာနာမှု ကျဆင်းလာသည့် အခြေအနေများအပေါ် အမေရိကန်အောက်လွှတ်တော် အဆောက်အဦးတွင် ရှင်းလင်းတင်ပြပွဲတရပ် ပြုလုပ်ခဲ့ကြောင်း၊ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Chris Smith က ဦးဆောင်ပြုလုပ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး စစ်တပ်က မတရား အာဏာသိမ်းရန်ကြိုးပမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီက ခရစ်ယာန် ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထားဖျက်ဆီးခြင်း၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် အခြားသော ဘာသာရေးခေါင်းဆောင်များကို မတရားဖမ်းဆီး၊ထောင်သွင်းအကျဉ်းချခြင်း၊သတ်ဖြတ်ခြင်းတို့ တိုးမြှင့်ကျူးလွန်လာသည့် အခြေအနေများကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် ချင်းလူ့အခွင့်အရေးလှုပ်ရှားသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိပါ ရှင်းလင်း တင်ပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပူးတွဲဦးဆောင်သူအဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး အမေရိကန်အစိုးရ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ဒုဥက္ကဋ္ဌ Frederick Davie လည်း ပါဝင်ဆွေးနွေးခဲ့ကြောင်း၊ ခရစ်ယာန်ဘာသာအပေါ် ဖိနှိပ် ကျူးလွန်မှုများကို တာဝန်ယူ၊တာဝန်ခံမှုရှိလာစေရေးနှင့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ တိုးမြှင့်လုပ်ဆောင်လာနိုင်ရေး ဆွေးနွေးကြကြောင်း သိရှိရသည်။

ထို့ပြင် ထိုရှင်းလင်းပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့ လည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article