25 C
Yangon

ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး

Must read

ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ပဲခူးတိုင်း၊ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် ခမရ−၂၆၄ တပ်ရင်းမှ နတ်သံကွင်းမြို့သို့ ဟောင်ဝစ်ဇာ ၁၂၂ မမ ၁ လုံး၊ ၁၅၅ မမ ၁ လုံး၊ ကော်သာစေးကျေးရွာသို့ ၁၅၅ မမ ၃ လုံး၊ တောင်ခင် ကျေးရွာသို့ လက်နက်ကြီး ၁၂၀ မမ ၈ လုံး စုစုပေါင်း ၁၃ လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကြိတ်ကွင်းကျေးရွာသို့ လက်နက်ကြီး ၈၁ မမ ၄ လုံး၊ ထိုးဝါး စိုက် ကျေးရွာသို့ ဟောင်ဝစ်ဇာ ၁၅၅ မမ ၃ လုံး စုစုပေါင်း ၇ လုံးပစ်ခတ်ခဲ့ရာ ထိုးဝါးစိုက်ကျေးရွာမှ အသက် ၅၅ နှစ်အရွယ် တီးရွှေဘ နှင့် အသက် ၃၅ နှစ်အရွယ် ဝေဝေလတ် တို့ လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာ ရရှိကာ နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ခင်တန်းကျေးရွာသို့ လက်နက်ကြီး ၁၂၀ မမ ၁ လုံး၊ ဘုရားဇီး ကုန်း ကျေးရွာသို့ လက်နက်ကြီး ၈၁ မမ ၃ လုံး စုစုပေါင်း ၄ လုံး ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article