25 C
Yangon

မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို ကူညီရေး Tak ခရိုင်တွင် ထိုင်း-မြန်မာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ စင်တာ ဖွင့်လှစ်မည်ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးပြော

Must read

မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို ကူညီရေး Tak ခရိုင်တွင် ထိုင်း-မြန်မာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ စင်တာ ဖွင့်လှစ်မည်ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးပြော

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံမှ ပဋိပက္ခများအတွင်း ထွက်ပြေးလာသူများကို ကူညီရေးအတွက် ထိုင်းနိုင်ငံ Tak ခရိုင်တွင် ထိုင်း-မြန်မာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ စင်တာ ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Panpri Pahittanukorn က ပြောဆိုလိုက်သည်။

လာအိုနိုင်ငံတွင် ဇန်နဝါရီလ ၂၉ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် ထိုင်း-မြန်မာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ စင်တာ ဖွင့်လှစ်အကူအညီပေးရန် ဆုံးဖြတ်မှု အတည်ပြုခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ထိုင်း-မြန်မာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ စင်တာ ဖွင့်လှစ်နိုင်မည့် နေရာအတွက် နယ်စပ်သို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်း-မြန်မာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်တာဖွင့်လှစ်ရာတွင် ထိုင်းကြက်ခြေနီအသင်းနှင့် မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းပါဝင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် နိုင်ငံရေး စွက်ဖက်မှု လွတ်ကင်းစေရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကိုပါ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

မကြာသေးမီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ထိုင်းနိုင်ငံသို့ လာရောက်ပြီး အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့်တွေ့ဆုံကာ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article