26 C
Yangon

အာဏာရှင်စနစ် ဆန့်ကျင်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရေး မိတ်ဆွေများနှင့်အတူ ပူးပေါင်း ချီတက်မည်ဟု SSPP က ကြေညာ

Must read

အာဏာရှင်စနစ် ဆန့်ကျင်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရေး မိတ်ဆွေများနှင့်အတူ ပူးပေါင်း ချီတက်မည်ဟု SSPP က ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒကို ဆန့်ကျင်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုကို ဆက်လက်တည်ဆောက်သွားမည်ဖြစ် ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP က တရားဝင် ထုတ်ပြန်ကြေညာသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ဗဟို ကော်မတီ မျက်နှာ စုံညီ ၂၀၂၃ နှစ်ချုပ်အစည်းအဝေးတစ်ရပ်ကို ပါတီ ဗဟိုဌာနချုပ်ကျင်းပပြီးနောက် ယင်းသို့ တရားဝင် ကြေညာခြင်းဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၏ အထွေထွေလုပ်ငန်းစဉ် ချမှတ်ထားသော မှုဝါဒအတိုင်း အာဏာ ရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒတို့ကို ဆန်ကျင်ပြီး တန်းတူ ရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက် နိုင်မှသာလျှင် အေးချမ်းသာယာပြီး ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော ဖွံ့ဖြိုးတိုးတက်သည့် ပြည် ထောင်စုတည်ဆောက်နိုင်မည်ဖြစ်သဖြင့် အာဏာရှင်စနစ် ၊ မဟာလူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသော အမြင်ရှိသည့် မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူးပေါင်းချီတက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ပြင် စဉ်ဆက်မပြတ်ဆောင်ရွက်လာသည့် မူးယစ်ဆေးဝါးအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းများကိုလည်း တဆင့်တိုးပြီး စီမံချက်ချမှတ် ဆောင်ရွက်သွားမည့်အပြင် မူးယစ်ဆေးဝါး အန္တရာယ်နှင့် အလားတူ လူထုအကျင့် စာရိတ္တ ပျက်ပြားစေပြီး ကမ္ဘာ့နိုင်ငံနှင့်ပတ်ဝန်းကျင် နိုင်ငံများ ၏ စီးပွားရေး ကို ခြိမ်းခြောက်နေသည် ကျားဖြန့်လုပ်ငန်း (သို့မဟုတ်)အွန်လိုင်းငွေကြေး လိမ်လည် သည့်လုပ်ငန်းများကိုလည်း ဖော်ထုတ် တားဆီးပြီး သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်အပ်နှံခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း SSPP က ဆိုသည်။

နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ကာကွယ်ထိန်းသိမ်းပြီး ဒေသဖွံ့ဖြိုးရေးဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ ရေ ရရှိရေး၊ လမ်း၊ တံတားများ တည်ဆောက် ရေးအပြင် ဒေသတွင်းရှိ မိဘပြည်သူများလူထုကို လူနေမှုဘဝမြှင့်တင်ရေး ၊ စားဝတ်နေရေး ချောင် လည်စေရေး အတွက် တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးခြင်း ၊ အကာအကွယ်ပေးခြင်း လုပ်ငန်း များကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း SSPP က ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article