30 C
Yangon

တရုတ်က ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်၍ အလိုရှိနေသည့် UWSA အရာရှိ ၂ ဦးကို “၀” တပ်ဖွဲ့က ဖမ်း၀ရမ်း ထုတ်ပြန်ပြီး တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် ကြော်ငြာစာများ ကပ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

တရုတ်နိုင်ငံက ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်၍ အလိုရှိနေသည့် UWSA အရာရှိ ၂ ဦးကို “၀” တပ်ဖွဲ့က ဖမ်း၀ရမ်းထုတ်ပြန်ပြီး တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် ကြော်ငြာစာများ ကပ်ထားကြောင်း သိရှိရသည်။

တရုတ်က အလိုရှိနေသည့် ‘ဝ’ ပြည်နယ် ဆောက်လုပ်ရေးဌာနမှူး ပေါက်အိုက်ပန်းနှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော့တို့ကို UWSA က ထပ်မံ ဖမ်း၀ရမ်းထုတ်ပြန်ပြီး ၀ရမ်းကြော်ငြာများကို တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် ကပ်ထားကြောင်း သိရှိရသည်။

“မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် တရုတ်နိုင်ငံဘက်ခြမ်းရှိ မြို့ ရွာများရဲ့ အများပြည်သူ နဲ့ သက်ဆိုင်တဲ့ ဆေးရုံ ကားဂိတ် ရုံးဌာန စသည်ဖြင့် နေရာများမှာ ဖမ်းဝရမ်‌း ကြော်ငြာစာတွေ ကပ်ထားပါတယ်” ဟု တရုတ်-မြန်မာ နယ်စပ် သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်း ကိုးကန့် ပြည်သူ့ စစ်ခေါင်းဆောင် ပယ်ဆောက်ချိန် အပါအဝင် အဖွဲ့ဝင် ၁၀ ဦးကို နေပြည်တော်လေဆိပ်တွင် တရုတ်နိုင်ငံရဲများလက်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article